The Bible Software
bible.software › တိတုဩဝါဒစာ › တိတုဩဝါဒစာ 2 › တိတုဩဝါဒစာ 2:11

တိတုဩဝါဒစာ 2:11

ဘု​ရား​သ​ခင်​သည်​လူ​သား​အ​ပေါင်း​တို့​အား ကယ်​တင်​ရန်​အ​တွက် မိ​မိ​၏​ကျေး​ဇူး​တော်​ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​ပြီ။-

Common Language Bible

In The King James Version

For the grace of God that bringeth salvation hath appeared to all men,

In Context

10သို့​မ​ဟုတ်​ခိုး​ဝှက်​မှု​ကို​မ​ပြု​ရ။ ယင်း​သို့​ပြု မည့်​အ​စား​သူ​တို့​သည်​အ​စဉ်​ရိုး​သား​၍ သ​စ္စာ ရှိ​သူ​များ​ဖြစ်​ကြောင်း​ပေါ်​လွင်​စေ​ရ​မည်။ ဤ နည်း​အား​ဖြင့်​သူ​တို့​သည်​မိ​မိ​တို့​ပြု​သ​မျှ သော​အ​မှု​တို့​တွင် ငါ​တို့​ကယ်​တင်​ရှင်​ဘု​ရား သ​ခင်​၏​တ​ရား​တော်​အ​ရောင်​အ​ဝါ​ကို​ပို​မို​၍ ထွန်း​တောက်​စေ​ကြ​လိမ့်​မည်။

12ငါ​တို့​သည်​မိ​မိ​တို့​၏​ကြီး​မြတ်​သည့်​ဘု​ရား သ​ခင်​တည်း​ဟူ​သော ကယ်​တင်​ရှင်​ယေ​ရှု​ခ​ရစ် ၏​ဘုန်း​အ​သ​ရေ​တော်​ထင်​ရှား​ပေါ်​ထွန်း​မည့် မင်္ဂလာ​နေ့​မြတ်​ကို​စောင့်​မျှော်​ကာ ဘု​ရား​မဲ့ တ​ရား​မဲ့​ပြု​ကျင့်​ခြင်း​နှင့်​လော​က​ရမ္မက်​ဆန္ဒ တို့​ကို​စွန့်​ပစ်​ကြ​ရန်​လည်း​ကောင်း၊ ဣန္ဒြေ​စောင့် စည်း​ခြင်း၊ ရိုး​သား​ဖြောင့်​မတ်​ခြင်း​ဘု​ရား ဝတ်​၌​မွေ့​လျော်​ခြင်း​တို့​ဖြင့်​ဤ​လော​က​၌ အ​သက်​ရှင်​ကြ​စေ​ရန်​လည်း​ကောင်း ထို ကျေး​ဇူး​တော်​က​ငါ​တို့​အား​ဆုံး​မ သွန်​သင်​လျက်​ရှိ​၏။-

Read all of တိတုဩဝါဒစာ 2

Cross References

Psalms 96:1သီ​ချင်း​သစ်​ကို​ဆို​၍​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​လော့။ ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့၊သီ​ချင်း​ဆို​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း ကြ​လော့။

Psalms 98:1ထာ​ဝ​ရ​ဘု​ရား​အား​သီ​ချင်း​သစ်​ကို​ဆို​၍ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​သည်​အံ့​သြ​ဖွယ်​ရာ​အ​မှု​တော်​တို့​ကို ပြု​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ​၏​တန်​ခိုး​တော်​ဖြင့် လည်း​ကောင်း၊ ခွန်​အား​စွမ်း​ရည်​တော်​ဖြင့်​လည်း​ကောင်း အောင်​ပွဲ​ကို​ရ​တော်​မူ​ပြီ။

Isaiah 2:2ဟေ​ရှာ​ယ​က နောင်​လာ​လတ္တံ့​သော​ကာ​လ​၌ ယ​ခု​ဗိ​မာန်​တော်​တည်​ရာ​တောင်​တော်​သည် တောင်​တ​ကာ​တို့​ကို​လွှမ်း​မိုး​၍ အ​မြင့်​ဆုံး​ဖြစ်​လိမ့်​မည်။ လူ​မျိုး​အပေါင်း​တို့​သည်​လည်း​ထို​တောင်​တော်​သို့ လာ​ရောက်​ကြ​လိမ့်​မည်။

Isaiah 49:6ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ငါ​၏​အ​စေ​ခံ၊ သင့်​အား​ငါ​သည်​ပို​မို​ကြီး​မြတ်​သည့်​အ​မှု​ကို ဆောင်​ရွက်​စေ​မည်။ မ​သေ​ဘဲ​ကျန်​ရှိ​နေ​သူ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့ ပြန်​လည်​တန်​ခိုး​ကြီး​မား​လာ​ကြ​စေ​ရန်​သာ​မ​က ကမ္ဘာ​တစ်​ဝှမ်း​လုံး​ပင်​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​စေ​ရန် ငါ​သည်​သင့်​အား​လူ​မျိုး​တ​ကာ​တို့​၏​အ​လင်း ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

Isaiah 60:1အို ယေ​ရု​ရှ​လင်​မြို့၊နိုး​ထ​၍​နေ​ကဲ့​သို့​ထွန်း​တောက်​လော့။ သင်​၏​အ​လင်း​ပေါ်​ထွန်း​လာ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​သည် သင့်​အ​ပေါ်​၌​ထွန်း​လင်း​လျက်​နေ​၏။

Zechariah 12:10``ငါ​သည်​ဒါ​ဝိဒ်​၏​သား​စဉ်​မြေး​ဆက်​များ နှင့် အ​ခြား​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား တို့​အား​က​ရု​ဏာ​ထား​တတ်​သော​သ​ဘော၊ ဆု​တောင်း​ပတ္ထ​နာ​ပြု​တတ်​သော​သ​ဘော နှင့်​ပြည့်​ဝ​စေ​မည်။ သူ​တို့​သည်​မိ​မိ​တို့​ဋ္ဌား နှင့်​ထိုး​၍​သတ်​ခဲ့​သူ​ကို​ကြည့်​ပြီး​လျှင် တစ် ဦး​တည်း​သော​သား​၏​အ​တွက်​ငို​ကြွေး​မြည် တမ်း​ဘိ​သ​ကဲ့​သို့ ထို​သူ​၏​အ​တွက်​ငို​ကြွေး မြည်​တမ်း​ကြ​လိမ့်​မည်။ သူ​တို့​သည်​သား​ဦး သေ​ဆုံး​ရ​သူ​များ​ကဲ့​သို့​ဝမ်း​နည်း​ပက် လက်​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study တိတုဩဝါဒစာ 2:11

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word Pictures
← တိတုဩဝါဒစာ 2:10တိတုဩဝါဒစာ 2တိတုဩဝါဒစာ 2:12 →