တိတုဩဝါဒစာ 2:3
ထိုနည်းတူစွာအသက်အရွယ်ကြီးရင့်သူ အမျိုးသမီးတို့သည်လည်း ဘုရားတရား ကြည်ညိုသူများဖြစ်ရန်သွန်သင်လော့။ သူ တို့သည်သူတစ်ပါး၏အသရေကိုဖျက်သူ များ၊ အရက်၏ကျွန်များမဖြစ်စေရ။ အကောင်း ကိုသင်ကြားပေးတတ်သူများဖြစ်ရကြမည်။-
Common Language Bible
In The King James Version
In Context
Cross References
Ephesians 5:3သင်တို့သည်ဘုရားသခင်၏လူစုတော်ဖြစ် သြဖင့်ကာမဂုဏ်လိုက်စားမှု၊ ညစ်ညမ်းမှုနှင့် လောဘလွန်ကူးမှုအကြောင်းတို့ကိုသင် တို့တွင်ပြောဆိုခြင်းပင်မရှိစေနှင့်။-
1 Timothy 3:8သင်းထောက်လူကြီးများသည်လည်းစာရိတ္တ ကောင်းမွန်၍ဟန်ဆောင်မှုမရှိသူများဖြစ် ရမည်။ သူတို့သည်သေသောက်ကြူးသူများ၊ ငွေကိုတပ်မက်သူများမဖြစ်စေရ။-
1 Timothy 5:5တစ်ကိုယ်ရေတစ်ကာယဖြစ်သောမုဆိုးမသည် မိမိအားပြုစုမည့်သူမရှိသဖြင့်ဘုရား သခင်ကိုအားကိုးမျှော်လင့်လျက် နေ့ည မပြတ်ဆုတောင်းပတ္ထနာပြု၍ကိုယ်တော်၏ အကူအညီကိုတောင်းခံတတ်၏။-
Titus 1:7အသင်းတော်ကိုခေါင်းဆောင်သူသည်ဘုရား သခင်၏အမှုတော်ကိုတာဝန်ယူ၍ ဆောင်ရွက် ရသူဖြစ်သဖြင့်အပြစ်ဆိုစရာမရှိသူ ဖြစ်ရမည်။ သူသည်မောက်မာသူ၊ စိတ်တိုသူ မဖြစ်စေရ။ သေသောက်ကြူးသူ၊ ကြမ်းတမ်း သူ၊ ငွေကိုမက်မောသူမဖြစ်စေရ။-
Hebrews 5:12သင်တို့သည်ယခုအချိန်အခါလောက်ဆိုလျှင် ဋ္ဌမ္မပညာပို့ချသူများဖြစ်သင့်ကြလေပြီ။ သို့ ရာတွင်သင်တို့အားဘုရားသခင်၏တရား တော်အခြေခံကို တစ်စုံတစ်ယောက်ကသင်ကြား ပေးရန်လိုနေသေးပါသည်တကား။ သင်တို့သည် မာသောအစားအစာကိုစားမည့်အစားနို့ ကိုသာလျှင်သောက်နေကြသေး၏။-
Revelation 2:20သို့ရာတွင်သင့်အားအပြစ်ဆိုစရာရှိသည် မှာ ယေဇဗေလဆိုသူအမျိုးသမီးကိုသင် လက်ခံလျက်နေခြင်းပင်ဖြစ်၏။ သူသည်မိမိ ကိုယ်ကိုဘုရားသခင်၏စေတမန်ဟုဆိုကာ ငါ၏တပည့်တို့အား ကာမဂုဏ်လိုက်စားစေ ရန်နှင့်ရုပ်တုတို့အားပူဇော်သည့်အစား အစာများကိုစားစေရန် သွန်သင်ခြင်းအား ဖြင့်မှောက်မှားလမ်းလွဲစေလေသည်။-