တိတုဩဝါဒစာ 2:6
ထိုနည်းတူစွာငယ်ရွယ်သူအမျိုးသားများ အားဣန္ဒြေစောင့်စည်းရန်တိုက်တွန်းလော့။-
Common Language Bible
In The King James Version
Young men likewise exhort to be sober minded.
In Context
Cross References
Job 29:8လူပျိုတို့သည် ငါ့ကိုမြင်သဖြင့် ပုန်းရှောင်၍ နေကြ၏။ အသက်ကြီးသူတို့သည်လည်းထ၍ မတ်တတ် နေကြ၏။
Ecclesiastes 11:9အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့ လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်း ရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့်၊ ကိုယ်ဥာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကို အပြစ်ပေးတော်မူမည် ဟု အောက်မေ့လော့။
Joel 2:28``ထိုနောက်ငါသည်မိမိ၏ဝိညာဉ်တော်ကို လူအပေါင်းတို့အပေါ်သို့သွန်းလောင်းမည်။ သင်တို့သားသမီးများသည်ငါ၏ဗျာဒိတ် တော်ကို ပြန်ကြားကြလိမ့်မည်။ အသက်ကြီးသူများသည်အိပ်မက်များကို မြင်မက်ကြလျက်၊ လူငယ်လူရွယ်တို့သည်ဗျာဒိတ်ရူပါရုံများကို တွေ့မြင်ကြလိမ့်မည်။
1 Peter 5:5ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။-