တိတုဩဝါဒစာ 3:13
ရှေ့နေဖြစ်သူဇေနနှင့်အာပေါလုတို့ခရီးပြု နိုင်ရန်အတွက်အစွမ်းကုန်ကူညီဆောင်ရွက် ပေးလော့။ သူတို့တွင်လိုလေသေးမရှိရ အောင်လည်းကူညီလိုက်ပါ။-
Common Language Bible
In The King James Version
Bring Zenas the lawyer and Apollos on their journey diligently, that nothing be wanting unto them.
In Context
Cross References
Matthew 22:35သူတို့အထဲမှကျမ်းတတ်ဆရာတစ်ယောက် က ``ဆရာတော်၊ ပညတ်ကျမ်းမှာအဘယ်ပညတ် သည်အကြီးမြတ်ဆုံးဖြစ်ပါသနည်း'' ဟုပရိ ယာယ်ဆင်၍မေးလျှောက်လေ၏။-
Luke 10:25ကျမ်းတတ်ဆရာတစ်ယောက်သည်အထံတော် သို့လာ၍ ``ဆရာတော်၊ အကျွန်ုပ်သည်ထာဝရ အသက်ကိုရအံ့သောငှာအဘယ်သို့ပြုရ ပါမည်နည်း'' ဟုကိုယ်တော်အားပညာစမ်း လိုသဖြင့်မေးလျှောက်၏။
Luke 11:52``ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်အသိပညာဗိမာန် တံခါးသော့ကိုသိမ်းထားပြီးလျှင်ကိုယ်တိုင် လည်းမဝင်၊ ဝင်လိုသူများကိုလည်းဆီးတား ကြ၏'' ဟုမိန့်တော်မူ၏။
Acts 18:24အာလေဇန္ဒြိမြို့သားအာပေါလုနာမည်ရှိသော ယုဒအမျိုးသားတစ်ယောက်သည်ဧဖက်မြို့သို့ ရောက်လာ၏။ သူသည်အဟောအပြောကောင်း၍ ကျမ်းစာတော်ကိုအထူးပင်တတ်ကျွမ်းသူ ဖြစ်၏။-
Acts 28:10သူတို့သည်ကျွန်ုပ်တို့အားလက်ဆောင်များပေး ကြ၏။ ကျွန်ုပ်တို့ထွက်ခွာမည်ပြုသောအခါ၌ လည်းလိုအပ်သည့်စားနပ်ရိက္ခာများကို သင်္ဘောပေါ်သို့ပို့ပေးကြ၏။
1 Corinthians 16:11သူ့ကိုအဘယ်သူမျှမလေးမစားမပြုစေနှင့်။ ငါသည်ခရစ်ယာန်ညီအစ်ကိုများနှင့်အတူသူ့ ကိုစောင့်မျှော်လျက်ရှိသဖြင့် သူ့အားငါ့ထံသို့ ချောမောစွာပြန်လည်ရောက်ရှိစေရန်ကူညီ ကြလော့။