ဇာခရိအနာဂတ္တိကျမ်း 1:16
ယေရုရှလင်မြို့ကိုကရုဏာပြရန်ပြန် လာခဲ့ပေသည်။ ငါ၏ဗိမာန်တော်ကိုပြန် လည်ထူထောင်ကာယေရုရှလင်မြို့တော် ကိုလည်းပြန်လည်တည်ဆောက်ရကြလိမ့် မည်'' ဟုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 1
Cross References
Ezra 6:14ယုဒခေါင်းဆောင်တို့သည်ဟ္ဂဲနှင့်ဇာခရိတို့၏အားပေးမှုကြောင့် ဗိမာန်တော်တည်ဆောက်မှုကိုတိုးတက်အောင်မြင်စွာဆောင်ရွက်နိုင်ကြလေသည်။ သူတို့သည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်အမိန့်တော်နှင့် ပေရသိဘုရင်များဖြစ်သည့်ကုရုမင်း၊ ဒါရိမင်းနှင့်အာတဇေရဇ်မင်းတို့၏အမိန့်တော်များအရ ဗိမာန်တော်ကိုအပြီးတိုင်တည်ဆောက်ကြရာ၊-
Isaiah 12:1``အို ထာဝရဘုရားကိုယ်တော်ရှင်အား၊ ကျွန်တော်မျိုးထောမနာပြုပါ၏။ ကိုယ်တော်ရှင်သည်ယခင်ကကျွန်တော်မျိုးအား အမျက်ထွက်တော်မူခဲ့သော်လည်း၊ ယခုအခါအမျက်ထွက်တော်မမူတော့ဘဲ နှစ်သိမ့်မှုကိုပေးတော်မူပါပြီ'' ဟု လူတို့သီဆိုကူးဧကြမည့်အချိန်ကာလ ရောက်လာလိမ့်မည်။
Isaiah 44:26သို့ရာတွင်ကြိုတင်ဟောကြားမှုတစ်စုံတစ်ရာကို ငါ၏အစေခံပြုသောအခါ၌လည်းကောင်း၊ ငါ၏အကြံအစည်တော်များကိုဖော်ပြရန် တမန်တော်တစ်ဦးဦးကိုငါစေလွှတ် သောအခါ၌လည်းကောင်း၊ ငါသည်ထိုအကြံအစည်များနှင့် ကြိုတင်ဟောကြားမှုတို့ကိုအကောင်အထည် ပေါ်စေပါ၏။ ယေရုရှလင်မြို့တွင်လူတို့တစ်ဖန်ပြန်၍ နေထိုင်ကြလိမ့်မည်။ ယုဒမြို့များကိုပြန်လည်ထူထောင်ကြလိမ့် မည်ဟူ၍ ထိုမြို့အသီးသီးတို့အားငါပြောကြားပါ၏။ ထိုမြို့တို့သည်ပြိုပျက်ရာမှပြန်လည်စည်ကား တိုးတက်၍လာလိမ့်မည်။
Jeremiah 30:18ထာဝရဘုရားက၊ ``ငါသည်ယာကုပ်အမျိုး၏တဲကိုပြန်လည် ကြွယ်ဝစေမည်။ ပြန်လည်ပို့ဆောင်မည်။ သူတို့၏အိမ်ထောင်စုမှန်သမျှကိုကရုဏာ ထားမည်။ ယေရုရှလင်မြို့ကိုပြန်လည်ထူထောင်၍ နန်းတော်ကိုလည်းပြန်လည်တည်ဆောက် ရကြလိမ့်မည်။
Jeremiah 31:39နယ်နိမိတ်သတ်မှတ်သည့်မျဉ်းသည်ထိုအရပ်မှ အစပြု၍ အနောက်ဘက်ဂါရက်တောင်ကုန်းသို့ တိုင်အောင်ရောက်ရှိလျက်ဂေါသတောင်ကိုဝိုင်း မိလိမ့်မည်။-
Ezekiel 37:24ငါ၏အစေခံဒါဝိဒ်ကဲ့သို့သောဘုရင် သည်သူတို့၏ဘုရင်ဖြစ်လိမ့်မည်။ သူတို့ အားလုံးသိုးထိန်းတစ်ပါးတည်း၏လက် အောက်၌စုစည်းကြလျက် ငါ၏ပညတ် တော်တို့ကိုသစ္စာရှိစွာစောင့်ထိန်း၍ငါ ၏အမိန့်ကိုနာခံကြလိမ့်မည်။-