ဇာခရိအနာဂတ္တိကျမ်း 1:4
သင်တို့သည်မိမိတို့ဘိုးဘေးများကဲ့သို့ မပြုကြနှင့်။ ရှေးအခါကပရောဖက်များ သည်သူတို့အား ယုတ်မာဆိုးညစ်သည့်အကျင့် များကိုရပ်စဲလိုက်ကြရန်ပြောကြားသော် လည်းသူတို့သည်နားမထောင်ဂရုမစိုက် ကြ'' ဟုမိန့်တော်မူ၏။-
Common Language Bible
In The King James Version
In Context
5``ထိုပရောဖက်များနှင့်သင်တို့၏ဘိုး ဘေးများကားသေလွန်သွားကြလေပြီ။-
Read all of ဇာခရိအနာဂတ္တိကျမ်း 1
Cross References
2 Chronicles 24:19ထာဝရဘုရားသည်ပရောဖက်များကို စေလွှတ်၍ ထိုသူတို့အားအထံတော်သို့ ပြန်လာကြရန်သတိပေးစေတော်မူ သော်လည်းသူတို့သည်မလိုက်နာကြ။-
2 Chronicles 30:6မင်းကြီးနှင့်မှူးမတ်များ၏အမိန့်အရ စေတမန်တို့သည် ဖိတ်စာများယူဆောင် လျက်ယုဒပြည်နှင့်ဣသရေလပြည် တစ်လျှောက်လုံးသို့သွားရောက်ကြ၏။ ဖိတ်စာတွင်``အို ဣသရေလအမျိုးသားတို့၊ သင်တို့သည်အာရှုရိမင်း၏လက်မှလွတ် မြောက်၍မသေဘဲကျန်ခဲ့ကြလေပြီ။ အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ပြန်လာ ကြလော့။ ကိုယ်တော်သည်လည်းသင်တို့ထံ သို့ပြန်လည်ကြွလာတော်မူလိမ့်မည်။
2 Chronicles 34:21``သင်တို့သည်ထာဝရဘုရားထံတော်သို့သွား ၍ဤကျမ်းတွင်ပါရှိသည့်သွန်သင်ချက် အကြောင်းကို ငါ့အတွက်နှင့်ယုဒပြည်နှင့် ဣသရေလပြည်တွင်ကျန်ရှိနေသေးသော သူတို့အတွက်မေးမြန်းကြလော့။ ငါတို့ ၏ဘိုးဘေးများသည်ထာဝရဘုရား၏ စကားတော်ကိုနားမထောင်ခဲ့ကြ။ ကျမ်း စောင်တွင်ပါရှိသည့်ပြဋ္ဌာန်းချက်များ ကိုမလိုက်နာခဲ့ကြသဖြင့် ထာဝရဘုရားသည်ငါတို့အားအမျက်ထွက် တော်မူပြီ'' ဟုမိန့်တော်မူ၏။
Ezra 9:7ဘိုးဘေးများလက်ထက်မှအစပြု၍ယနေ့ တိုင်အောင်ပင် ကိုယ်တော်၏လူမျိုးတော်အကျွန်ုပ် တို့သည် လွန်စွာအပြစ်ကူးခဲ့ကြပါ၏။ ထို အပြစ်များကြောင့်အကျွန်ုပ်တို့၏ဘုရင်များ နှင့်ယဇ်ပုရောဟိတ်တို့သည် လူမျိုးခြားဘုရင် များ၏လက်သို့အပ်နှင်းခြင်း၊ ဋ္ဌားဘေးသင့်ခြင်း၊ လုယက်ခြင်း၊ သုံ့ပန်းအဖြစ်ဖမ်းဆီးသွားခြင်း၊ ယခုအခါ၌ကဲ့သို့လုံးဝအသရေပျက် ခြင်းတို့ကိုခံရကြပါ၏။-
Nehemiah 9:26``သို့ရာတွင်ကိုယ်တော်၏လူမျိုးတော်သည် ပုန်ကန်ကာကိုယ်တော်၏စကားကို နားမထောင်ကြပါ။ သူတို့သည်ကိုယ်တော်၏ပညတ်တရားတော်ကို ပစ်ပယ်ကြပါ၏။ မိမိတို့အားသတိပေးသူ၊ မိမိတို့အား ကိုယ်တော်ထံပြန်လာရန် ပြောကြားသူပရောဖက်များအား သတ်ဖြတ်ကြပါ၏။ သူတို့သည်ကိုယ်တော်အားအကြိမ်ကြိမ် စော်ကားကြပါ၏။
Psalms 78:8သူတို့သည်ဘုရားစကားကိုနားမထောင်ဘဲ ပုန်ကန်တတ်သောဘိုးဘေးတို့ကဲ့သို့မဖြစ် တော့ပေ။ ထိုဘိုးဘေးတို့ကားအဘယ်အခါကမျှ ဘုရားသခင်ကိုစွဲမြဲစွာကိုးစားမှုမရှိ ခဲ့ကြ။ ကိုယ်တော်၏အပေါ်၌လည်းအစဉ်အမြဲ သစ္စာမစောင့်ကြ။