ဇာခရိအနာဂတ္တိကျမ်း 1:6
ငါသည်မိမိပရောဖက်များမှတစ်ဆင့် သင်တို့၏ဘိုးဘေးတို့အားအမိန့်ပညတ် များနှင့်သတိပေးစကားများကိုမိန့်မှာ သတိပေးခဲ့၏။ သူတို့သည်ငါ၏စကားကို လျစ်လှူရှုခဲ့ကြသဖြင့် ထိုက်သင့်သည့် အပြစ်ဒဏ်ကိုခံရကြ၏။ ထိုအခါသူ တို့သည်နောင်တရ၍လာကြ၏။ အနန္တ တန်ခိုးရှင်ငါထာဝရဘုရားသည်မိမိ စိတ်ပြဋ္ဌာန်းထားသည့်အတိုင်း သူတို့အား အပြစ်နှင့်အလျောက်ဆုံးမတော်မူကြောင်း ကိုလည်းသိမှတ်လာကြကုန်၏'' ဟုသူ တို့အားကြားပြောရန်မိန့်မှာတော်မူ၏။
Common Language Bible
In The King James Version
In Context
5``ထိုပရောဖက်များနှင့်သင်တို့၏ဘိုး ဘေးများကားသေလွန်သွားကြလေပြီ။-
Read all of ဇာခရိအနာဂတ္တိကျမ်း 1
Cross References
Numbers 23:19ဘုရားသခင်သည်လူကဲ့သို့မုသားစကား ကိုမပြော။ လူကဲ့သို့စိတ်ပြောင်းလဲတော်မမူ။ ကတိတော်အတိုင်းပြုတော်မူ၏။ အမိန့်တော်အတိုင်းဖြစ်ပျက်တတ်၏။
Numbers 33:56သင်တို့သည်ထိုပြည်သားတို့ကိုမနှင်ထုတ် လျှင် ငါသည်သူတို့အားပေးမည့်ဒဏ်ကိုသင် တို့အပေါ်သို့ကျရောက်စေမည်'' ဟူ၍ဖြစ် သည်။
Deuteronomy 28:20``သင်တို့သည်ဒုစရိုက်ကိုပြု၍ ထာဝရ ဘုရားကိုစွန့်ပယ်လျှင် သင်တို့ဆောင်ရွက် သမျှတို့၏အကျိုးဆက်များမှာပျက်စီး ဆုံးရှုံးခြင်း၊ သောကဗျာပါဒနှင့်ဆင်းရဲ ဒုက္ခများဖြစ်လိမ့်မည်။ သို့ဖြစ်၍သင်တို့သည် လျင်မြန်စွာသေကြေပျက်စီးရလိမ့်မည်။-
2 Kings 15:12သို့ဖြစ်၍``ငါသည်သင်၏သားမြေးတို့အား စတုတ္ထအဆက်တိုင်အောင် ဣသရေလပြည်ကိုအုပ်စိုးစေမည်'' ဟုယေဟု အား ထာဝရဘုရားမိန့်တော်မူခဲ့သောစကား တော်အတိုင်းဖြစ်သတည်း။
2 Chronicles 36:19သူသည်ဗိမာန်တော်နှင့်မြို့တော်ကိုမီးရှို့ လျက်ယေရုရှလင်မြို့ရိုးတို့ကိုဖြိုဖျက်၍ နန်းတော်အဆောက်အအုံများကိုအဖိုး တန်ပစ္စည်းများနှင့်အတူမီးရှို့ဖျက်ဆီး တော်မူ၏။-
Isaiah 3:8ယေရုရှလင်မြို့သည်အမင်္ဂလာရှိပါသည် တကား။ ယုဒပြည်လည်းပြိုပျက်လျက်နေ လေပြီ။ သူတို့ပြုသမျှသောအမှုများနှင့် ပြောသမျှသောစကားများသည် ထာဝရ ဘုရားနှင့်ဆန့်ကျင်ဘက်သာလျှင်ဖြစ်၍ နေ၏။ သူတို့သည်ဘုရားသခင်ကိုယ်တော် တိုင်ကိုလူသိရှင်ကြားစော်ကားကြ၏။-