ဇာခရိအနာဂတ္တိကျမ်း 10:1
နွေဦးပေါက်သောအခါမိုးရွာစေရန်ထာဝရ ဘုရားအား လျှောက်ထားတောင်းခံကြလော့။ မိုး တိမ်များကိုစေလွှတ်ကာမိုးရွာစေ၍လူခပ် သိမ်းတို့အတွက် လယ်ပြင်များကိုစိမ်းလန်း စေတော်မူသောအရှင်ကားထာဝရဘုရား ပေတည်း။-
Common Language Bible
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 10
Cross References
Deuteronomy 28:23မိုးမရွာသဖြင့်သင်တို့၏မြေသည်သံ ကဲ့သို့မာကျောလာလိမ့်မည်။-
1 Kings 18:41ထို့နောက်ဧလိယသည် အာဟပ်မင်းအား``ယခု သင်သွား၍အစားအစာကိုစားသောက်ပါလော့။ မိုးလာနေသည့်အသံကိုငါကြား၏'' ဟုဆို သဖြင့်၊-
Job 36:27ရေကိုသုန်ဖျင်းစေ၍၊ အထက်သို့ဆွဲယူတော် မူသဖြင့်၊ ရေငွေ့ရှိသည်အတိုင်း မိုဃ်းရွာတတ်၏။
Psalms 65:9ကိုယ်တော်ရှင်သည်မိုးရေကို ချပေးတော်မူခြင်းအားဖြင့်ကမ္ဘာမြေကြီးကို ကြည့်ရှုစောင့်ရှောက်လျက်နေတော်မူကြောင်းကို ဖော်ပြတော်မူပါ၏။ ကမ္ဘာမြေကြီးကိုမြေသြဇာထက်သန်စေတော် မူပါ၏။ ကိုယ်တော်ရှင်သည်မြစ်ချောင်းတို့ကိုရေနှင့် ပြည့်စေတော်မူပါ၏။ ကမ္ဘာမြေကြီးတွင်ကောက်ပဲသီးနှံများကို ဖြစ်ပွားစေတော်မူပါ၏။ ကိုယ်တော်ရှင်စီရင်တော်မူပုံမှာဤသို့တည်း။
Psalms 104:13ကိုယ်တော်ရှင်သည်ကောင်းကင်မှတောင်များ ပေါ်သို့ မိုးရွာကျစေတော်မူသဖြင့် ကမ္ဘာမြေကြီးသည်ကိုယ်တော်ရှင်၏ကောင်းချီး မင်္ဂလာများကိုပြည့်ဝစွာခံစားရပါ၏။
Proverbs 16:15ရှင်ဘုရင် မျက်နှာပွင့်လန်းသောအားဖြင့် အသက်ချမ်းသာရ၏။ ကျေးဇူးတော်သည် နောက်ရွာ သော မိုဃ်းတိမ်ကဲ့သို့ ဖြစ်၏။