The Bible Software
bible.software › ဇာခရိအနာဂတ္တိကျမ်း › ဇာခရိအနာဂတ္တိကျမ်း 10 › ဇာခရိအနာဂတ္တိကျမ်း 10:6

ဇာခရိအနာဂတ္တိကျမ်း 10:6

``ငါ​သည်​ယု​ဒ​ပြည်​သား​တို့​ကို​ကြံ့​ခိုင် စေ​၍ ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​ကယ်​တင်​မည်။ ငါ​သည်​သူ​တို့​အား​က​ရု​ဏာ​ထား​၍၊မိ​မိ တို့ နေ​ရင်း​ဌာ​နေ​သို့​ပြန်​လည်​ခေါ်​ဆောင်​လာ မည်။ သူ​တို့​သည်​ငါ​၏​ပစ်​ပယ်​မှု​ကို​အ​ဘယ် အ​ခါ​၌​မျှ မ​ခံ​ရ​ဘူး​သူ​များ​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​၍ သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​နား​ညောင်း​မည်။

Common Language Bible

In The King James Version

And I will strengthen the house of Judah, and I will save the house of Joseph, and I will bring them again to place them; for I have mercy upon them: and they shall be as though I had not cast them off: for I am the LORD their God, and will hear them.

In Context

5ယု​ဒ​ပြည်​သား​တို့​သည်​လမ်း​များ​ပေါ်​ရှိ ရွှံ့​နွံ​ထဲ​တွင် ရန်​သူ​များ​ကို​ကျော်​နင်း​ပစ် ကြ​သည့်​စစ်​သည်​တော်​များ​ကဲ့​သို့​အောင်​ပွဲ ခံ​ရကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ နှင့်​အ​တူ​ရှိ​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ရန် သူ​မြင်း​စီး​သူ​ရဲ​များ​ကို​ပင်​လျှင်​တိုက် ခိုက်​နှိမ်​နင်း​ကြ​လိမ့်​မည်။

7ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စစ်​သည်​သူ​ရဲ များ​ကဲ့​သို့ ကြံ့​ခိုင်​လျက်​စ​ပျစ်​ရည်​သောက်​သူ​များ​ကဲ့​သို့ ပျော်​ရွှင်​လျက်​နေ​လိမ့်​မည်။ သူ​တို့​၏​သား​မြေး​များ​သည်​ဤ​အောင်​ပွဲ​ကို ပြန်​လည်​သ​တိ​ရ​ကာ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​ခဲ့​သည့်​အ​မှု တော်​အ​တွက် ဝမ်း​မြောက်​ကြ​လိမ့်​မည်။

Read all of ဇာခရိအနာဂတ္တိကျမ်း 10

Cross References

Psalms 89:21သူ​သည်​ငါ့​ထံ​မှ​ခွန်​အား​ကို​အ​စဉ်​အ​မြဲ ရ​ရှိ​မည်။ ငါ​၏​တန်​ခိုး​အား​ဖြင့်​သူ့​အား​စွမ်း​သန် စေ​မည်။

Isaiah 41:10မ​ကြောက်​ကြ​နှင့်၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ရှိ​၏။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ အ​ဘယ်​အ​မှု​အ​ရာ​ကို​မျှ​ငါ​တို့​အား​တုန်​လှုပ် ချောက်​ချား​မှု​မ​ဖြစ်​စေ​နှင့်။ ငါ​သည်​သင်​တို့​အား​ကြံ့​ခိုင်​စေ​၍​ကူ​မ​မည်။ သင်​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၍ ကယ်​တင်​မည်။

Isaiah 49:17``သင့်​ကို​ပြန်​လည်​ထူ​ထောင်​ကြ​မည့်​လူ​တို့​သည် မ​ကြာ​မီ​ရောက်​ရှိ​လာ​လိမ့်​မည်။ သင့်​ကို​ပျက်​ပြုန်း​စေ​ခဲ့​သော​သူ​တို့​မူ​ကား ထွက်​ခွာ​သွား​ရ​ကြ​လိမ့်​မည်။

Jeremiah 23:6ထို​မင်း​နန်း​စံ​ချိန်​၌​ယု​ဒ​ပြည်​သား​တို့​သည် ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လျက်၊ ဣ​သ​ရေ​လ​ပြည် သား​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​စွာ​နေ​ထိုင် ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထို​မင်း​၏​ဘွဲ့ နာ​မ​ကို``ငါ​တို့​အား​ကယ်​တင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား'' ဟူ​၍​ခေါ်​ဆို​သ​မုတ်​ကြ လိမ့်​မည်။

Jeremiah 30:20ငါ​သည်​ဤ​ပြည်​အား​ရှေး​အ​ခါ​က​ရ​ရှိ​ခဲ့​သည့် တန်​ခိုး​အာ​ဏာ​ကို​ပြန်​လည်​ပေး​၍ ထို​တန်​ခိုး​အာ​ဏာ​ကို​လည်း​တည်​တံ့​ခိုင်​မြဲ စေ​မည်။ သူ​တို့​အား​နှိပ်​စက်​ညှဉ်း​ပန်း​သူ​အ​ပေါင်း​ကို​ငါ အ​ပြစ်​ဒဏ်​ခတ်​မည်။

Jeremiah 31:20``အို ဣ​သ​ရေ​လ၊သင်​သည်​ငါ​၏​အ​ချစ်​ဆုံး​သား၊ ငါ​၏​အ​မြတ်​နိုး​ဆုံး​သား​ဖြစ်​၏။ ငါ​သည်​သင်​၏​နာ​မည်​ကို​ထုတ်​ဖော်​၍ ပြော​ဆို​ရ​သည့်​အ​ခါ​တိုင်း​သင့်​အား​လွမ်း​ဆွတ် သ​တိ​ရ​လျက်​နေ​၏။ ငါ​သည်​သင့်​အား​ချစ်​ခင်​စွဲ​လန်း​သည်​ဖြစ်​၍ က​ရု​ဏာ​ထား​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဇာခရိအနာဂတ္တိကျမ်း 10:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဇာခရိအနာဂတ္တိကျမ်း 10:5ဇာခရိအနာဂတ္တိကျမ်း 10ဇာခရိအနာဂတ္တိကျမ်း 10:7 →