ဇာခရိအနာဂတ္တိကျမ်း 11:1
အို လေဗနုန်တောင်၊ သင်၏သစ်ကတိုးပင်များသည် မီးသင့်လောင်၍သွားနိုင်ရန်သင်၏တံခါးတို့ကို ဖွင့်ပါလော့။
Common Language Bible
In The King James Version
Open thy doors, O Lebanon, that the fire may devour thy cedars.
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 11
Cross References
Deuteronomy 32:22ငါ၏အမျက်တော်သည်မီးကဲ့သို့တောက်လောင်၍ မြေကြီးပေါ်တွင်ရှိသမျှတို့ကိုလောင်ကျွမ်း စေမည်။ အမျက်တော်မီးသည်မရဏာနိုင်ငံ တိုင်အောင်လည်းကောင်း၊ တောင်အောက်ခြေသို့တိုင်အောင်လည်းကောင်း လောင်လိမ့်မည်။
Jeremiah 22:7ထိုနန်းတော်ကိုဖြိုဖျက်ရန် လူများကိုငါ စေလွှတ်မည်။ သူတို့သည်ပုဆိန်များကိုယူ ဆောင်လာပြီးလျှင် လှပသည့်အာရစ်တိုင် ကြီးများကိုခုတ်လှဲ၍မီးထဲသို့ပစ်ချ ကြလိမ့်မည်။
Ezekiel 31:3အာရှုရိလူမျိုးတို့ကိုကြည့်လော့။ သူတို့ သည် လေဗနုန်တောမှအာရစ်ပင်နှင့်တူကြ၏။ ထိုအပင်သည်မိုးတိမ်ထိအောင်မြင့်မား၍ ဝေဆာသောအကိုင်းအခက်များဖြင့် လှပတင့်တယ်၏။
Habakkuk 2:17သင်တို့သည်လေဗနုန်သစ်တောများကိုခုတ်% လှဲခဲ့ကြ၏။ ယခုအခါသင်တို့ကိုယ်တိုင်% ပင်ခုတ်လှဲခြင်းကိုခံရကြလိမ့်မည်။ သင်% တို့သည်ထိုတောမှတိရစ္ဆာန်များကိုသတ်% ဖြတ်ခဲ့ကြ၏။ ယခုအခါတိရစ္ဆာန်များ% သည်သင်တို့အားကြောက်လန့်တုန်လှုပ်စေ% ကြလိမ့်မည်။ သင်တို့ကူးလွန်ခဲ့သည့်လူ% သတ်မှုများကြောင့်သော်လည်းကောင်း၊ ကမ္ဘာ% ပေါ်ရှိလူများမြို့များကိုအကြမ်းဖက်% ခဲ့မှုများကြောင့်လည်းကောင်း ဤအမှု% အရာများဖြစ်ပျက်လာလိမ့်မည်။ %
Zechariah 10:10ငါသည်သူတို့အားအီဂျစ်ပြည်နှင့်အာရှုရိ ပြည်မှ ပြန်လည်ခေါ်ဆောင်ကာ၊မိမိတို့နေရင်းပြည်တွင် နေရာချထားမည်။ သူတို့အားဂိလဒ်ပြည်နှင့်လေဗနုန်ပြည်တွင် လည်း ငါနေရာချထားမည်။ သို့ဖြစ်၍လူတို့နေစရာမြေမလောက် နိုင်အောင် ရှိလိမ့်မည်။
Matthew 24:1သခင်ယေရှုသည်ဗိမာန်တော်မှထွက်ခွာသွား တော်မူစဉ်တပည့်တော်တို့သည်အထံတော်သို့ ချဉ်းကပ်၍ ဗိမာန်တော်အဆောက်အအုံများ ကိုကိုယ်တော်အားပြကြ၏။-