ဇာခရိအနာဂတ္တိကျမ်း 11:14
ထိုနောက်ငါသည်``စည်းလုံးခြင်း'' နာမည်တွင် သောတောင်ဝှေးကိုချိုးပစ်လိုက်၏။ ထိုအခါ ယုဒပြည်နှင့်ဣသရေလပြည်စည်းလုံးမှု သည်ပျက်ပြား၍သွားလေတော့၏။
Common Language Bible
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 11
Cross References
Isaiah 11:13ဣသရေလပြည်သူတို့သည်၊ ယုဒပြည်သူ တို့အပေါ်တွင်ငြူစူစိတ်ရှိကြတော့မည် မဟုတ်။ ယုဒပြည်သူတို့သည်လည်းဣသရေ လပြည်သူတို့၏ရန်ဘက်ဖြစ်ကြတော့မည် မဟုတ်။-
Ezekiel 37:22ငါသည်သူတို့အားထိုပြည်တွင်ဣသရေလ တောင်များပေါ်မှာလူမျိုးတစ်မျိုးတည်း ဖြစ်စေတော်မူမည်။ သူတို့၌အုပ်စိုးမည့် ဘုရင်တစ်ပါးတည်းရှိလိမ့်မည်။ လူမျိုး နှစ်မျိုးနိုင်ငံနှစ်နိုင်ငံကွဲပြားလျက် မရှိရ။-
Zechariah 11:9ထိုနောက်ငါ၏သိုးအုပ်အား``ငါသည်သင် တို့၏သိုးထိန်းမလုပ်လိုတော့ပါ၊ သေရ မည့်သိုးတို့သည်သေကြပါလေစေ။ အသတ် ခံရမည့်သိုးများသည်လည်းအသတ်ခံရ ကြပါလေစေ။ အသက်မသေဘဲကျန်ရှိ သည့်သိုးများသည်လည်း မိမိတို့အချင်း ချင်းသတ်ဖြတ်ကြပါလိမ့်မည်'' ဟုပြော ဆို၏။-
Mark 3:24လူတို့စိတ်ဝမ်းကွဲပြားလျက်နေသောနိုင်ငံ သည်မရပ်မတည်နိုင်ရာ။-
Galatians 5:15သို့သော်သားရဲတိရစ္ဆာန်အချင်းချင်းကိုက်သတ် ကြသကဲ့သို့ သင်တို့ပြုကြပါလျှင် အချင်း ချင်းဖျက်ဆီးရာရောက်မည်ဖြစ်ကြောင်းသတိ ပြုကြလော့။
James 3:16အဘယ်ကြောင့်ဆိုသော်မနာလိုစိတ်၊ တစ်ကိုယ် ကောင်းစိတ်တို့သည်မငြိမ်မဝပ်ရုန်းရင်းဆန် ခတ်မှု၊ ဆိုးညစ်ယုတ်မာမှုအမျိုးမျိုးတို့ကို ဖြစ်ပေါ်စေတတ်သောကြောင့်တည်း။-