ဇာခရိအနာဂတ္တိကျမ်း 11:3
ဘုရင်မင်းတို့သည်ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြ၏။ သူတို့၏ဘုန်းအသရေကားကွယ်ပျောက် သွားလေပြီ။ ခြင်္သေ့များ၏ဟောက်သံကိုနားထောင် ကြလော့။ သူတို့ခိုအောင်းရာယော်ဒန်မြစ်ဝှမ်းရှိ သစ်တောသည်ကားပျက်ပြုန်း၍သွားလေပြီ။
Common Language Bible
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 11
Cross References
Psalms 22:21ခြင်္သေ့ကဲ့သို့ကြမ်းကြုတ်သောသူတို့၏လက်မှ ကျွန်တော်မျိုး၏အသက်ကိုကယ်တော်မူပါ။ နွားသိုးရိုင်းကဲ့သို့သောသူတို့၏အရှေ့တွင် ကျွန်တော်မျိုးသည်ခိုကိုးရာမဲ့ဖြစ်၍နေပါ၏။
Jeremiah 2:15ရန်သူများသည်သူ့အားခြင်္သေ့ကဲ့သို့ဟောက် ကြ၏။ သူ၏ပြည်ကိုခြောက်သွေ့စေကြ၏။ သူ၏မြို့များသည်ယိုယွင်းပျက်စီးကာ လူသူဆိတ်ညံလျက်ရှိ၏။
Jeremiah 7:4`ဤဗိမာန်သည် ထာဝရဘုရား၏ဗိမာန်တော် ဖြစ်၏။ ထာဝရဘုရား၏ဗိမာန်တော်ဖြစ်၏။ ထာဝရဘုရား၏ဗိမာန်တော်ဖြစ်၏' ဟု ပြောဆိုသူတို့၏မုသားစကားကိုမယုံ ကြနှင့်။
Jeremiah 25:34အသင်ခေါင်းဆောင်တို့၊ အော်ဟစ်ငိုယိုကြလော့။ ငါ၏လူမျိုးတော်ကိုထိန်းသောသိုးထိန်းတို့၊ ကျယ်စွာအော်ဟစ်ကြလော့။ ဝမ်းနည်းပူဆွေး လျက်မြေမှုန့်တွင်လူးလှိမ့်ကြလော့။ အသတ် ခံရကြမည့်အချိန်ကျရောက်လာပြီဖြစ်၍ သင်တို့သည်သိုးထီးများကဲ့သို့အသတ်ခံ ရကြလိမ့်မည်။-
Jeremiah 26:6သင်တို့သည်ယခုငါပြောသည့်အတိုင်းမပြု ဘဲနေခဲ့ပါမူ ငါသည်ဤမြို့ကိုရှိလောရွာကဲ့ သို့ဖြစ်စေမည်။ ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ သည်လည်း ဤမြို့၏အမည်နာမကိုကျိန်ဆဲ ရာတွင်အသုံးပြုကြလိမ့်မည်ဟုပြောကြား လော့'' ဟူ၍ဖြစ်၏။
Jeremiah 50:44``ငါထာဝရဘုရားသည်ယော်ဒန်မြစ်တစ် လျှောက်ရှိထူထပ်သောတောအုပ်ထဲမှ စိမ်းလန်း သောမြက်ခင်းပြင်သို့ထွက်လာသည့်ခြင်္သေ့ကဲ့ သို့ထွက်လာပြီးလျှင် ဗာဗုလုန်မြို့သားတို့ အားမိမိတို့မြို့မှရုတ်တရက်ထွက်ပြေးစေ မည်။ ထိုနောက်ထိုမြို့ကိုအုပ်စိုးရန်ဘုရင် တစ်ပါးကိုငါရွေးချယ်ခန့်ထားမည်။ ငါနှင့် အဘယ်သူကိုနှိုင်းယှဉ်၍ရမည်နည်း။ အဘယ် သူသည်ငါနှင့်အံတုဖက်ပြိုင်ဝံ့မည်နည်း။ အဘယ်မည်သောမင်းသည်ငါ့အားအတိုက် အခံပြုနိုင်မည်နည်း။-