ဇာခရိအနာဂတ္တိကျမ်း 11:7
သိုးရောင်းဝယ်သူတို့ကငါ့ကိုငှားရမ်းသ ဖြင့်ငါသည်နှိပ်စက်ခြင်းခံရသောသိုးတို့ ကို ထိန်းကျောင်းရသူဖြစ်လာလေသည်။ ``ကျေး ဇူးပြုခြင်း'' ဟုနာမည်တွင်သောသိုးထိန်း တောင်ဝှေးတစ်ချောင်းနှင့်``စည်းလုံးခြင်း'' ဟု နာမည်တွင်သောသိုးထိန်းတောင်ဝှေးတစ် ချောင်းကိုယူပြီးလျှင်သိုးအုပ်ကိုငါ ထိန်းကျောင်းရ၏။-
Common Language Bible
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 11
Cross References
Leviticus 27:32မွေးမြူထားသောနွား၊ သိုး၊ ဆိတ်၊ တို့ကိုရေတွက် လော့။ ယင်းတို့အနက်ဆယ်ကောင်လျှင်တစ် ကောင်ကျထာဝရဘုရားနှင့်ဆိုင်၏။-
1 Samuel 17:43သူကဒါဝိဒ်အား``တောင်ဝှေးနှင့်အဘယ်ကြောင့် လာပါသနည်း။ ငါ့အားခွေးထင်မှတ်သလော'' ဟုဆိုပြီးလျှင်မိမိ၏ဘုရားကိုတိုင်တည်၍ ဒါဝိဒ်အားကျိန်ဆဲလေသည်။-
Psalms 133:1ဘုရားသခင်၏လူစုတော်သည် စိတ်သဘောညီညွတ်လျက်နေထိုင်ကြသည်မှာ အလွန်ကောင်းမွန်၍တင့်တယ်လှပါသည်တကား။
Isaiah 40:11ကိုယ်တော်သည်သိုးထိန်းကဲ့သို့မိမိ၏လူမျိုး တော်ကို ကျွေးမွေးပြုစုတော်မူလိမ့်မည်။ သိုးထိန်းသည်သိုးငယ်များကိုစုသိမ်း၍ လက်ဖြင့်ချီပွေ့ကာ သူတို့၏မိခင်များကိုဖြည်းညှင်းစွာလမ်းပြ ပို့ဆောင်တော်မူလိမ့်မည်။
Jeremiah 5:4ထိုနောက်ငါကဤသူတို့ကားဆင်းရဲသူများဖြစ်၏။ မသိနားမလည်သူတို့သည်ထာဝရဘုရား၏အလိုတော်ကိုလည်းကောင်း၊ ဘုရားသခင်ပြဋ္ဌာန်းတော်မူသည့်စည်းမျဉ်းဥပဒေသတော်တို့ကိုသော်လည်းကောင်း မသိကြသဖြင့်မိုက်မဲစွာပြုကျင့်ကြလေပြီ။
Micah 7:14အို ထာဝရဘုရား၊ ကိုယ်တော်ရွေးကောက်သော လူမျိုးတော်အားသိုးထိန်းသဖွယ်စောင့်ရှောက် တော်မူပါ။ သူတို့အားရှေးအခါကမြက်ပေါ များရာ ဗာရှန်ပြည်နှင့်ဂိလဒ်ပြည်များတွင် ကျက်စားစေသကဲ့သို့ယခုလည်းပြည် တော်တွင်နေထိုင်စေတော်မူပါ။