The Bible Software
bible.software › ဇာခရိအနာဂတ္တိကျမ်း › ဇာခရိအနာဂတ္တိကျမ်း 12 › ဇာခရိအနာဂတ္တိကျမ်း 12:2

ဇာခရိအနာဂတ္တိကျမ်း 12:2

ကိုယ်​တော်​က``ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို စ​ပျစ်​ရည်​ခွက်​ဖ​လား​နှင့်​တူ​စေ​မည်။ မြို့ ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​တို့​သည် ထို​စ​ပျစ်​ရည်​ကို​သောက်​၍ သေ​သောက်​ကြူး များ​ကဲ့​သို့​ယိမ်း​ယိုင်​လျက်​နေ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ တိုက်​ခိုက်​ကြ​သော​အ​ခါ အ​ခြား​ယု​ဒ​မြို့ တို့​သည်​လည်း​အ​ဝိုင်း​ခံ​ရ​ကြ​လိမ့်​မည်။-

Common Language Bible

In The King James Version

Behold, I will make Jerusalem a cup of trembling unto all the people round about, when they shall be in the siege both against Judah and against Jerusalem.

In Context

1ဤ​ဗျာ​ဒိတ်​တော်​သည်​မိုး​ကောင်း​ကင်​ကို ဖြန့်​ကြက်​၍​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​ပြီး လျှင် လူ​သတ္တဝါ​အား​အ​သက်​ကို​ပေး​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​စပ်​ဆိုင် သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၏။-

3သို့​ရာ​တွင်​ထို​အ​ချိန်​အ​ခါ​၌​ငါ​သည် ယေ​ရု​ရှ​လင်​မြို့​ကို လေး​လံ​သော​ကျောက်​တုံး ကြီး​သ​ဖွယ်​ဖြစ်​စေ​မည်။ ထို​ကျောက်​ကို​ကြိုး စား​၍​ချီ​မ​သည့်​လူ​မျိုး​သည်​အ​နာ​တ​ရ ဖြစ်​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​သည်​ထို​မြို့​ကို​ဝိုင်း​ဝန်း​တိုက်​ခိုက်​ကြ လိမ့်​မည်။-

Read all of ဇာခရိအနာဂတ္တိကျမ်း 12

Cross References

Psalms 75:8ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​တော်​တည်း​ဟူ​သော အ​လွန်​ပြင်း​သည့်​စ​ပျစ်​ရည်​ထည့်​ထား​သော ခွက်​ဖ​လား​ကို​လက်​တော်​တွင်​ကိုင်​ထား​တော်​မူ​၏။ ထို​စ​ပျစ်​ရည်​ကို​ကိုယ်​တော်​လောင်း​ချ တော်​မူ​သော​အ​ခါ သူ​ယုတ်​မာ​အ​ပေါင်း​တို့​သည်​သောက်​ကြ​ကုန်​၏။ သူ​တို့​သည်​တစ်​စက်​မျှ​မ​ကျန်​အောင်​သောက် ကြ​ကုန်​၏။

Isaiah 51:22သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊သင် တို့​အား ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၍၊ ``ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​အား ပေး​အပ်​ခဲ့​သည့်​ခွက်​ဖ​လား​ကို သင်​တို့​လက်​မှ​ပြန်​လည်​ရုပ်​သိမ်း​တော်​မူ​မည်။ သင်​တို့​အား​ယိမ်း​ယိုင်​မူး​ဝေ​စေ​သည့်​စ​ပျစ်​ရည်​ကို သင်​တို့​သောက်​ရ​ကြ​တော့​မည်​မ​ဟုတ်။

Jeremiah 25:15ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``သင်​သည်​ငါ​၏ အ​မျက်​တော်​နှင့်​ပြည့်​လျက်​ရှိ​သည့်​ဤ​စ​ပျစ် ရည်​ခွက်​ဖ​လား​ကို​ငါ့​ထံ​မှ​ယူ​၍ သင့်​အား ငါ​စေ​လွှတ်​တော်​မူ​သည့်​လူ​မျိုး​တ​ကာ​တို့ ကို​တိုက်​ခိုက်​လော့။-

Jeremiah 49:12``အ​ပြစ်​ဒဏ်​မ​ခံ​သင့်​သူ​များ​ပင်​လျှင်​ခံ ရ​ကြ​ပါ​မူ၊ သင်​တို့​သည်​အ​ပြစ်​ဒဏ်​ခွက် ဖ​လား​မှ​မ​သောက်​ဘဲ​နေ​ရ​ကြ​လိမ့်​မည် ဟု​ထင်​မှတ်​ကြ​သ​လော။ သင်​တို့​သည်​ဧ​ကန် မု​ချ​အ​ပြစ်​ခွက်​ဖ​လား​မှ​သောက်​ရ​ကြ မည်။-

Jeremiah 51:57ထို​မြို့​၏​စီ​မံ​အုပ်​ချုပ်​သူ​များ၊ပ​ညာ​ရှိ​များ၊ ခေါင်း​ဆောင်​များ​နှင့်​စစ်​သည်​တပ်​သား​များ အား ငါ​မူး​ယစ်​စေ​မည်။ သူ​တို့​သည်​အိပ်​ပျော်​သွား​ပြီး​လျှင် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​နိုး​ထ​ကြ​လိမ့်​မည် မဟုတ်။ ဤ​ကား​ငါ​ဘု​ရင်​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။ ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​သ​တည်း။

Zechariah 14:14ယု​ဒ​ပြည်​သူ​တို့​က​မူ​ယေ​ရု​ရှ​လင်​မြို့ အ​တွက် ခု​ခံ​ကာ​ကွယ်​တိုက်​ခိုက်​ကာ​လူ​မျိုး တ​ကာ​တို့​၏​ဥစ္စာ​ဘဏ္ဍာ​များ​ဖြစ်​သော ရွှေ ငွေ​အ​ဝတ်​အ​စား​အ​မြောက်​အ​မြား​ကို တိုက်​ရာ​ပါ​ပစ္စည်း​အ​ဖြစ်​သိမ်း​ယူ​ကြ​လိမ့် မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဇာခရိအနာဂတ္တိကျမ်း 12:2

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဇာခရိအနာဂတ္တိကျမ်း 12:1ဇာခရိအနာဂတ္တိကျမ်း 12ဇာခရိအနာဂတ္တိကျမ်း 12:3 →