ဇာခရိအနာဂတ္တိကျမ်း 14:16
ထိုအခါယေရုရှလင်မြို့ကိုတိုက်ခိုက်ခဲ့ ကြသောလူမျိုးတို့အနက်မှအသက် မသေဘဲ ကျန်ရှိသူလူအပေါင်းတို့သည် အနန္တတန်ခိုးရှင်ထာဝရဘုရား၏အုပ် စိုးမှုကိုဝန်ခံ၍ ကိုယ်တော်အားရှိခိုး ဝတ်ပြုကြရန်လည်းကောင်း၊ သစ်ခက်တဲ နေပွဲတော်ကိုကျင်းပကြရန်လည်းကောင်း ထိုမြို့သို့နှစ်စဉ်နှစ်တိုင်းလာရောက်ကြ လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 14
Cross References
Numbers 29:12သင်တို့သည်သတ္တမလတစ်ဆယ့်ငါးရက်နေ့ တွင် စုဝေးဝတ်ပြုရမည်။ ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းသောဤပွဲတော်ကိုခုနစ် ရက်တိုင်တိုင်ကျင်းပရမည်။ ထိုရက်များတွင် အလုပ်မလုပ်ရ။-
Deuteronomy 31:10ထို့နောက်မောရှေကသူတို့အား``ခုနစ်နှစ် လျှင်တစ်ကြိမ်ကျရောက်သောကြွေးမြီများ ကိုလျှော်ပစ်သည့်နှစ်တွင်တဲနေပွဲတော်ရက် အတွင်း ဤပညတ်တရားတော်ကိုဣသရေလ အမျိုးသားအပေါင်းတို့ကြားနိုင်အောင်ဖတ် ပြရမည်။-
2 Chronicles 8:13သူသည်မောရှေ၏ပညတ်ကျမ်းအရဥပုသ်နေ့ များ၊ လဆန်းပွဲတော်နေ့များနှင့်တစ်နှစ်တစ် ကြိမ်ကျင်းပရသည့်ပွဲတော်သုံးခုဖြစ်သော တဆေးမဲ့မုန့်ပွဲတော်၊ ကောက်သိမ်းပွဲတော်နှင့် သစ်ခက်တဲနေပွဲတော်နေ့တို့တွင်မီးရှို့ရာ ပူဇော်သကာများကိုဆက်သတော်မူ၏။-
Nehemiah 8:14သူတို့သည်မောရှေအားဖြင့်ထာဝရဘုရား ပေးအပ်ထားတော်မူသော ပညတ်ကျမ်းတွင် သစ်ခက်တဲနေပွဲတော်အခါ၌ ဣသရေလ အမျိုးသားများသည်ယာယီတဲများတွင် နေထိုင်ကြရမည်ဖြစ်ကြောင်းပြဋ္ဌာန်း ထားသည်ကိုတွေ့ရှိကြရ၏။-
Isaiah 6:5ငါကလည်း၊``ငါ၌မျှော်လင့်စရာမရှိတော့ပြီ။ ငါသည်အမင်္ဂလာရှိပါသည်တကား။ ငါ၏နှုတ်ထွက်စကားမှန်သမျှသည်ညစ်ညမ်း၍ ညစ်ညမ်းသောစကားကိုသာလျှင်ပြောဆိုတတ်သူတို့အထဲတွင်ငါနေထိုင်ရ၏။ သို့ရာတွင်ယခုငါသည် အနန္တတန်ခိုးရှင်ထာဝရဘုရားတည်းဟူသောဘုရင်မင်းကိုဖူးမြင်ရလေပြီ'' ဟုဆို၏။