ဇာခရိအနာဂတ္တိကျမ်း 14:3
ထိုနောက်ထာဝရဘုရားသည်အတိတ် ကာလများမှာကဲ့သို့ထွက်ကြွတော်မူ၍ ထိုလူမျိုးတို့အားတိုက်ခိုက်တော်မူလိမ့် မည်။-
Common Language Bible
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 14
Cross References
Exodus 15:1ထိုနောက်မောရှေနှင့်ဣသရေလအမျိုး သားတို့က ထာဝရဘုရားအားအောက်ပါ ထောမနာပြုသီချင်းကိုဆိုကြသည်။ ``ထာဝရဘုရားသည်အောင်ပွဲကြီးခံရ ပြီဖြစ်၍ ကိုယ်တော်၏ဂုဏ်တော်ကိုထောမနာပြု ပါမည်။ ကိုယ်တော်သည်မြင်းများနှင့်မြင်းစီးသူရဲတို့ကို ပင်လယ်ထဲ၌နစ်မြုပ်စေတော်မူပြီ။
Joshua 10:14ထာဝရဘုရားသည်လူသားတစ်ယောက် ၏စကားကိုထိုနေ့၌နားထောင်ခဲ့တော် မူ၏။ ယင်းသို့တစ်ခါမျှမဖြစ်စဖူး၊ နောင် အခါ၌လည်းဖြစ်လိမ့်မည်မဟုတ်။ ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့ ဘက်မှစစ်ကူ၍တိုက်ခိုက်တော်မူပါသည် တကား။
2 Chronicles 20:15ယဟာဇေလက``အရှင်မင်းကြီးနှင့်တကွ ယုဒပြည်သူများ၊ ယေရုရှလင်မြို့သား အပေါင်းတို့၊ သင်တို့သည်စိတ်မပျက်အား မလျော့ကြနှင့်။ ဤကြီးမားသည့်တပ်မတော် ကိုရင်ဆိုင်ရန်မကြောက်ကြနှင့်ဟုထာဝရ ဘုရားမိန့်တော်မူပါ၏။ တိုက်ပွဲသည်သင် တို့၏အပေါ်တွင်မတည်။ ဘုရားသခင် ၏အပေါ်တွင်တည်ပေသည်။-
Isaiah 29:7ထိုအခါထာဝရဘုရား၏ယဇ်ပလ္လင်တော် မြို့ကိုတိုက်ခိုက်ကြသည့်စစ်တပ်အပေါင်းနှင့် သူတို့၏လက်နက်တန်ဆာရှိသမျှသည်အိပ် မက်ကဲ့သို့လည်းကောင်း၊ ညဥ့်အခါစိတ်ကူး ယဉ်မှုကဲ့သို့လည်းကောင်းကွယ်ပျောက်သွား လိမ့်မည်။-
Isaiah 66:15ထာဝရဘုရားသည်မီးလျှံကိုစီး၍ကြွ လာတော်မူလိမ့်မည်။ ကိုယ်တော်သည်မိမိ အမျက်ထွက်သူတို့အားအပြစ်ဒဏ်ခတ် ရန်လေဗွေရထားကိုစီး၍ကြွလာတော် မူလိမ့်မည်။-
Daniel 2:44အထက်ဖော်ပြပါဘုရင်များနန်းစံလျက် နေချိန်၌ပင်လျှင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည်အဘယ်အခါမျှမပျက်စီး နိုင်သည့် နိုင်ငံတစ်ခုကိုတည်ထောင်တော်မူ ပါလိမ့်မည်။ ထိုနိုင်ငံကိုအဘယ်အခါ၌ မျှနှိမ်နင်း၍ရမည်မဟုတ်ပါ။ ယင်းသည် အခြားနိုင်ငံရှိသမျှကိုဖြိုခွင်းပြီး နောက် အစဉ်အမြဲတည်ပါလိမ့်မည်။-