The Bible Software
bible.software › ဇာခရိအနာဂတ္တိကျမ်း › ဇာခရိအနာဂတ္တိကျမ်း 2 › ဇာခရိအနာဂတ္တိကျမ်း 2:10

ဇာခရိအနာဂတ္တိကျမ်း 2:10

ထာ​ဝ​ရ​ဘု​ရား​က``အို ယေ​ရု​ရှ​လင်​မြို့​သူ​တို့၊ ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​ပါ​လော့။ ငါ​သည် သင်​တို့​အ​လယ်​တွင်​ကျိန်း​ဝပ်​ရန်​ကြွ​လာ​တော် မူ​မည်'' ဟု​မိန့်​တော်​မူ​၏။

Common Language Bible

In The King James Version

Sing and rejoice, O daughter of Zion: for, lo, I come, and I will dwell in the midst of thee, saith the LORD.

In Context

9``ဤ​သို့​လျှင်​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ပင် သင်​တို့​အား​တိုက်​ခိုက်​တော်​မူ​လိမ့်​မည်။ အ​ခါ တစ်​ပါး​က​သင်​တို့​၏​အ​စေ​အ​ပါး​ကို​ခံ​ခဲ့ ရ​ကြ​သူ​တို့​သည် သင်​တို့​ကို​လု​ယက်​တိုက်​ခိုက် ကြ​လတ္တံ့'' ဟူ​သော​ဗျာ​ဒိတ်​တော်​နှင့်​အ​တူ​ငါ့ အား​စေ​လွှတ်​တော်​မူ​သ​တည်း။ ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ ငါ့​အား အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​စေ လွှတ်​တော်​မူ​လိုက်​ကြောင်း​ကို​လူ​အ​ပေါင်း​တို့ သိ​ရှိ​ကြ​လိမ့်​မည်။

11ထို​အ​ခါ​လူ​မျိုး​ပေါင်း​မြောက်​မြား​စွာ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ချဉ်း​ကပ် ကြ​လျက် ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​လာ ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင်​တို့​အ​လယ် တွင်​ကျိန်း​ဝပ်​တော်​မူ​လိမ့်​မည်။ ငါ့​အား​ကိုယ် တော်​စေ​လွှတ်​တော်​မူ​လိုက်​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ​လိမ့်​မည်။-

Read all of ဇာခရိအနာဂတ္တိကျမ်း 2

Cross References

Leviticus 26:12ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​မည်။ ငါ​သည်​သင် တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​၍ သင်​တို့​သည်​လည်း ငါ​၏​လူ​မျိုး​တော်​ဖြစ်​လိမ့်​မည်။-

Psalms 40:7သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​ပြန်​လျှောက်​ထား​ပါ​၏။ ``ကျွန်​တော်​မျိုး​အ​သင့်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​အ​တွက်​ကိုယ်​တော်​ရှင်​ပေး​တော် မူ​သော ညွှန်​ကြား​ချက်​များ​သည်​ပ​ညတ်​ကျမ်း​၌​ပါ ရှိ​ပါ​၏။

Psalms 68:18ကိုယ်​တော်​သည်​သုံ့​ပန်း​များ​ကို​ခေါ်​ဆောင်​၍ မြင့်​သော​အ​ရပ်​သို့​တက်​ကြွ​တော်​မူ​၏။ ကိုယ်​တော်​သည်​ပုန်​ကန်​သူ​တို့​၏​ထံ​မှ လက်​ဆောင်​ပဏ္ဏာ​များ​ကို​ခံ​ယူ​တော်​မူ​၏။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​ထို​အ​ရပ် တွင် ကိန်း​ဝပ်​တော်​မူ​မည်။

Isaiah 12:6ဇိ​အုန်​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​အား ကြွေး​ကြော်​သီ​ဆို​စေ​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​သည်​ကြီး​မြတ်​တော်​မူ​၍၊ မိ​မိ​လူ​မျိုး​တော်​အ​လယ်​၌​ကျိန်း​ဝပ်​တော် မူ​၏။''

Isaiah 40:9အို ယေ​ရု​ရှ​လင်​မြို့၊ မြင့်​သော​တောင်​ပေါ်​သို့​တက်​၍၊ သ​တင်း​ကောင်း​ကို​ကြေ​ညာ​လော့။ အို ဇိ​အုန်​တောင်၊ အ​သံ​ကျယ်​စွာ​ဟစ်​၍​သ​တင်း​ကောင်း​ကို ကြေ​ညာ​လော့။ မ​ကြောက်​နှင့်၊ ပွင့်​လင်း​စွာ​ပြော​ကြား​လော့။ ယု​ဒ​မြို့​များ​အား​သူ​တို့​၏​ဘု​ရား​သ​ခင် ကြွ​လာ​စေ​တော်​မူ​မည့်​အ​ကြောင်း​ကို​ပြော​ကြား​လော့။

Isaiah 48:20ဗာ​ဗု​လုန်​ပြည်​မှ​ထွက်​သွား​ကြ​လော့။ လွတ်​လပ်​စွာ​ထွက်​ခွာ​သွား​ကြ​လော့။ ``ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကယ်​တော် မူ​ပြီ'' ဟူ​သော သ​တင်း​ကို​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။ အ​ရပ်​တ​ကာ​တွင်​ကြား​သိ​စေ​ကြ​လော့။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဇာခရိအနာဂတ္တိကျမ်း 2:10

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဇာခရိအနာဂတ္တိကျမ်း 2:9ဇာခရိအနာဂတ္တိကျမ်း 2ဇာခရိအနာဂတ္တိကျမ်း 2:11 →