ဇာခရိအနာဂတ္တိကျမ်း 3:10
``ထိုနေ့ရက်ကာလကျရောက်လာသောအခါ သင်တို့ရှိသမျှသည်စပျစ်ဥယျာဉ်များ၊ သဖန်းပင်များခြံရံလျက်ငြိမ်းချမ်းလုံခြုံ စွာနေထိုင်နိုင်ကြစေရန် မိမိတို့၏အိမ်နီး ချင်းများကိုခေါ်ဖိတ်ကြလိမ့်မည်'' ဟုအနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 3
Cross References
1 Kings 5:5ထာဝရဘုရားကကျွန်ုပ်၏ခမည်းတော် အား`သင့်နောက်၌ငါမင်းမြှောက်မည့်သူသင် ၏သားသည် ငါ့အတွက်ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်' ဟုကတိထားတော် မူခဲ့ပါ၏။ ကျွန်ုပ်၏ဘုရားသခင်ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရန်အတွက် ထိုဗိမာန်တော်ကိုတည်ဆောက်ရန်ယခု ကျွန်ုပ်စိတ်ပိုင်းဖြတ်လိုက်ပါပြီ။-
Hosea 2:18ထိုအခါငါသည်သားရဲ၊ ငှက်အပေါင်းတို့ နှင့်ပဋိညာဉ်ဖွဲ့၍၊ ဋ္ဌား၊ လေးမြားနှင့်စစ်ပွဲ များကိုတိုင်းနိုင်ငံမှဖယ်ရှားသဖြင့် ငါ၏ လူမျိုးတော်သည်အေးချမ်းလုံခြုံစွာနေ ထိုင်ရကြလိမ့်မည်။
Zechariah 2:11ထိုအခါလူမျိုးပေါင်းမြောက်မြားစွာတို့ သည်ထာဝရဘုရားထံတော်သို့ချဉ်းကပ် ကြလျက် ကိုယ်တော်၏လူမျိုးတော်ဖြစ်လာ ကြလိမ့်မည်။ ကိုယ်တော်သည်သင်တို့အလယ် တွင်ကျိန်းဝပ်တော်မူလိမ့်မည်။ ငါ့အားကိုယ် တော်စေလွှတ်တော်မူလိုက်ကြောင်းကိုလည်း သင်တို့သိကြလိမ့်မည်။-