ဇာခရိအနာဂတ္တိကျမ်း 3:8
သို့ဖြစ်၍ယဇ်ပုရောဟိတ်မင်းဖြစ်သူယောရှု၊ နားထောင်လော့။ ယောရှု၏အပေါင်းအဖော် ယဇ်ပုရောဟိတ်တို့၊ သာယာသောအနာဂတ် ၏နိမိတ်လက္ခဏာကိုဆောင်သူတို့၊ နားထောင် ကြလော့။ ငါသည်``အညွှန့်အတက်'' ဟုနာမည် တွင်သောမိမိ၏အစေခံကိုပေါ်ထွန်းစေ မည်။-
Common Language Bible
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 3
Cross References
Psalms 71:7ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အတွက် ခိုင်ခံ့သည့် ခိုလှုံရာဖြစ်တော်မူသဖြင့် ကျွန်တော်မျိုးသည်လူတို့ရှေ့တွင်စံနမူနာ ဖြစ်ပါ၏။
Isaiah 8:18ငါ့အားထာဝရဘုရားပေးသနားတော် မူသောသားသမီးများနှင့်အတူ ငါသည် ဤမှာရှိပါ၏။ ဇိအုန်တောင်တော်ပေါ်တွင် စိုးစံတော်မူသောအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ငါတို့အားဣသရေလအမျိုး သားတို့အတွက်ပြန်ကြားသည့်ဗျာဒိတ် တော်တို့ကို သရုပ်ဆောင်သူများဖြစ်စေ တော်မူလေပြီ။
Isaiah 20:3အာဇုတ်မြို့ကျဆုံးသောအခါထာဝရ ဘုရားက``ငါ၏အစေခံဟေရှာယသည် ဖိနပ်မစီးဘဲ အဝတ်အချည်းစည်းနှင့်သုံး နှစ်တိုင်တိုင်သွားလာနေခဲ့သည်မှာ အီဂျစ် ပြည်နှင့်ဆူဒန်ပြည်တို့ကြုံတွေ့ရမည့် အဖြစ်အပျက်နိမိတ်လက္ခဏာပင်ဖြစ်၏။-
Isaiah 49:3ငါ့အားကိုယ်တော်က``အို ဣသရေလ၊သင်သည် ငါ၏အစေခံဖြစ်၏။ သင်၏အတွက်ကြောင့်လူတို့သည်၊ငါ့ကို ထောမနာပြုကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။
Isaiah 52:13ထာဝရဘုရားက ``ငါ၏အစေခံသည်မိမိပြုသောအမှုတွင် ပညာရှိစွာပြုမူလိမ့်မည်။ သူသည်ချီးမြှောက်ခြင်းခံရ၍ကြီးမြတ်သော ဂုဏ်အသရေရှိလိမ့်မည်။
Isaiah 53:11သူသည်ဝေဒနာခံစားနေရာမှဝမ်းမြောက် ရွှင်လန်းခွင့်ကိုပြန်လည်ရရှိလိမ့်မည်။ မိမိခံစားခဲ့ရသည့်ဝေဒနာမှာအချည်းနှီး မဖြစ်ကြောင်းကိုလည်းသိရှိလာလိမ့်မည်။ သူသည်ငါ၏အစေခံသူတော်ကောင်းဖြစ်၏။ လူအများ၏အပြစ်ဝန်ကိုထမ်းဆောင်လျက်၊ ထိုဆောင်ရွက်မှုကြောင့်ထိုသူတို့အား အပြစ်လွှတ်ခြင်းအခွင့်ကိုငါပေးမည်။