ဇာခရိအနာဂတ္တိကျမ်း 5:4
အနန္တတန်ခိုးရှင်ထာဝရဘုရားကငါသည် ဤကျိန်စာကိုစေလွှတ်လိုက်မည်ဖြစ်၍ယင်း သည်ငါ၏နာမတော်ကိုတိုင်တည်ကျိန်ဆို၍ လိမ်လည်ပြောဆိုသူမှန်သမျှနှင့်သူခိုးမှန် သမျှတို့၏အိမ်များတွင်ဝင်၍နေလိမ့်မည်။ ထိုအိမ်တို့သည်လည်းကျိန်စာထွက်ခွာသွား သောအခါ ယိုယွင်းပျက်စီးလျက်ကျန်ရစ် ကြလိမ့်မည်'' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 5
Cross References
Deuteronomy 7:26ထိုရုပ်တုများကိုသင်တို့၏နေအိမ်များသို့မ ယူဆောင်ခဲ့ရ။ ယင်းသို့ယူဆောင်ခဲ့လျှင်ရုပ်တု များကဲ့သို့ သင်တို့သည်လည်းကျိန်စာသင့်လိမ့် မည်။ ရုပ်တုများသည်ထာဝရဘုရား၏ကျိန် စာသင့်သောကြောင့် ရုပ်တုများကိုသင်တို့ရွံ ရှာမုန်းတီးကြရမည်။''
Joshua 9:20ငါတို့ပြုထားသောကတိသစ္စာကြောင့်သူ တို့ကိုအသက်ချမ်းသာခွင့်ပေးရမည်။ ငါ တို့ကတိမတည်လျှင်ဘုရားသခင်သည် ငါတို့အားဒဏ်ခတ်တော်မူလိမ့်မည်။-
Job 8:22သင့်ကိုမုန်းသော သူတို့သည် ရှက်ခြင်းနှင့် ဖုံးလွှမ်းလျက်ရှိရကြလိမ့်မည်။ ဆိုးသောသူနေရာအရပ် သည်လည်း ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်ဟု မြွက်ဆို ၏။
Job 20:26ခပ်သိမ်းသောဘေးတို့သည် သူ့အဘို့ သိုထား လျက်ရှိကြ၏။ လူမမွေးသောမီးသည် သူ့ကိုလောင်လိမ့် မည်။ သူ၏နေရာ၌ ကြွင်းသမျှသော အရာတို့ကို လောင် လိမ့်မည်။
Habakkuk 2:9သင်တို့သည်အမင်္ဂလာရှိကြ၏။ အကြမ်း% ဖက်၍ရရှိသည့်ပစ္စည်းဥစ္စာဖြင့် သင်တို့သည်% မိမိတို့မိသားစုကိုကြွယ်ဝချမ်းသာစေ% ခဲ့ကြ၏။ ကြိုးစား၍မိမိတို့အသိုက်ကို% အမြင့်တွင်ဆောက်သောငှက်ကဲ့သို့ မိမိတို့% အိမ်ကိုဘေးအန္တရာယ်ကင်းဝေးလုံခြုံအောင်% ပြုခဲ့ကြပြီ။-%
James 5:2သင်တို့၏စည်းစိမ်ဥစ္စာသည်ဆွေးမြေ့လေပြီ။ သင်တို့၏အဝတ်များသည်ပိုးကိုက်စားကုန် ပြီ။-