ဇာခရိအနာဂတ္တိကျမ်း 5:9
ငါသည်မော်၍ကြည့်လိုက်သောအခါငှက် ကျား၏အတောင်ကဲ့သို့ကြီးမားသည့် အတောင်များနှင့် ငါ့ထံသို့ပျံလာနေသော အမျိုးသမီးနှစ်ဦးကိုမြင်ရ၏။ သူတို့သည် ခြင်းတောင်းကိုချီယူကာအဝေးသို့ပျံ သွားကြ၏။
Common Language Bible
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 5
Cross References
Daniel 9:26ထိုကာလသီတင်းနှစ်ခြောက်ဆယ့်နှစ်နှစ် ကုန်ဆုံးချိန်၌ ဘုရားသခင်ရွေးချယ်တော် မူသောခေါင်းဆောင်သည် မတရားလုပ်ကြံ သတ်ဖြတ်ခြင်းကိုခံရလိမ့်မည်။ အခြား အရပ်မှချင်းနင်းဝင်ရောက်လာသူ တန်ခိုး ကြီးမင်းတစ်ပါး၏စစ်သည်ဗိုလ်ခြေတို့ သည် ယေရုရှလင်မြို့နှင့်ဗိမာန်တော်ကို ဖြိုဖျက်ကြလိမ့်မည်။ နောက်ဆုံး၌ဘုရားသခင်ပြင်ဆင်စီရင်တော်မူသည်အတိုင်း စစ်မှုနှင့်ပျက်စီးမှုတို့သည်ရေလွှမ်းမိုး သကဲ့သို့ဖြစ်ပွားရလိမ့်မည်။-
Matthew 24:28``အသေကောင်ရှိရာအရပ်တွင်လင်းတတို့စုရုံး ကြလတ္တံ့။''