ဇာခရိအနာဂတ္တိကျမ်း 6:10
ကိုယ်တော်က``ပြည်နှင်ဒဏ်သင့်သူဟေလဒဲ၊ တောဘိယနှင့်ယေဒါသအနွယ်ဝင်တို့၏ အလှူပစ္စည်းများကိုယူ၍ ဇေဖနိ၏သား ယောရှိအိမ်သို့ချက်ချင်းသွားလော့။ ဤသူ အပေါင်းတို့သည် ဗာဗုလုန်ပြည်တွင်ပြည် နှင်ဒဏ်သင့်ရာမှပြန်လာကြသူများ ဖြစ်၏။-
Common Language Bible
In The King James Version
In Context
9ထာဝရဘုရားသည်ငါ့အားဤသို့ဗျာဒိတ် ပေးတော်မူ၏။-
Read all of ဇာခရိအနာဂတ္တိကျမ်း 6
Cross References
2 Kings 25:18ထို့အပြင်တပ်မှူးနေဗုဇာရဒန်သည် ယဇ် ပုရောဟိတ်မင်းစရာယ၊ သူ၏လက်ထောက် ဇေဖနိနှင့်အခြားအရေးကြီးသည့် ဗိမာန် တော်အရာရှိသုံးဦးတို့ကိုလည်းကောင်း၊-
Ezra 8:26ငါပေးအပ်သည့်ပစ္စည်းများမှာအောက်ပါ အတိုင်းဖြစ်သည်။ ငွေ ၂၅ တန်၊ ငွေအသုံးအဆောင် ၁၀၀ ငွေသားပေါင် ၁၅၀ ရွှေပေါင် ၇၅၀၀ ရွှေဖလား၂၀ ခွက် ရွှေချိန် ၂၇၀ အောင်စ။ ရွှေဖလားနှင့်တန်ဖိုးညီမျှသည့်ကြေးဝါစစ် ဖလား ၂ လုံး
Jeremiah 28:6``သင်ပြောသည့်အတိုင်းပင်ဖြစ်ပါစေသော။ ထာဝရဘုရားသည် ဤအတိုင်းပင်ပြုတော် မူလိမ့်မည်ဟုလည်းငါမျှော်လင့်ပါ၏။ ကိုယ် တော်သည်သင်၏ဟောကြားချက်များကို အကောင်အထည်ပေါ်စေတော်မူလိမ့်မည် ဟူ၍လည်းကောင်း၊ ဗာဗုလုန်မြို့သို့သိမ်း ယူသွားသောဗိမာန်တော်ဘဏ္ဍာများနှင့် သုံ့ပန်းအဖြစ်ဖမ်းဆီးသွားသည့်သူ အပေါင်းတို့အား ပြန်လည်ခေါ်ဆောင်လာ တော်မူလိမ့်မည်ဟူ၍လည်းကောင်းငါ မျှော်လင့်ပါ၏။-
Romans 15:25ယခုမှာမူမာကေဒေါနိပြည်နှင့်ဂရိပြည်ရှိ အသင်းတော်တို့က ယေရုရှလင်မြို့ရှိဘုရား သခင်၏လူစုတော်ထဲတွင် ဆင်းရဲသောတပည့် တော်တို့အားစေတနာအလျောက်ပေးလှူထောက် ပံ့ရန်ဆုံးဖြတ်သဖြင့် ထိုမြို့ရှိတပည့်တော်တို့ အားထောက်ပံ့ရန်ငါသွားမည်။-