ဇာခရိအနာဂတ္တိကျမ်း 8:17
သင်တို့သည်အချင်းချင်းဘေးအန္တရာယ်ဖြစ် စေမည့်အကြံအစည်ကိုမပြုကြနှင့်။ ကျိန် ဆိုခြင်းကိုပြုလျက်မမှန်သောသက်သေကို မခံကြနှင့်။ လိမ်လည်ပြောဆိုမှု၊ မတရား သည့်အမှုနှင့် အကြမ်းဖက်မှုတို့ကိုငါမုန်း ၏'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
18အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဇာခရိအားဤသို့ဗျာဒိတ်ပေးတော်မူ၏။-
Read all of ဇာခရိအနာဂတ္တိကျမ်း 8
Cross References
Psalms 5:5မာနကြီးသူတို့သည်ရှေ့တော်သို့မဝင်ရ။ ကိုယ်တော်သည်ယုတ်မာသူအပေါင်းတို့ကို မုန်းတော်မူ၏။
Psalms 101:3မကောင်းမှုကိုအဘယ်အခါ၌မျှသည်းခံမည် မဟုတ်ပါ။ ဘုရားသခင်အားကျောခိုင်းသူတို့၏ အပြုအမူတို့ကိုမုန်း၍ ထိုအပြုအမူတို့နှင့်အဘယ်သို့မျှပတ်သက် မည် မဟုတ်ပါ။
Proverbs 6:14ကောက်သော စိတ်သဘောနှင့် ပြည့်စုံ၍၊ မကောင်းသော အကြံကို အစဉ်ကြံစည်တတ်၏။ သူတပါးချင်းရန်တွေ့စေခြင်းငှါ ပြုတတ်၏။
Proverbs 6:18မကောင်းသော အကြံကို ကြံစည်သော နှလုံး တပါး၊ အပြစ်ပြုရာသို့ အလျင်အမြန် ပြေးတတ်သော ခြေတပါး၊
Jeremiah 4:2ငါ၏နာမတော်ကိုသင်တို့တိုင်တည်ကျိန်ဆို မှုသည်တော်တည့်မှန်ကန်၊ လျော်ကန်သင့်မြတ် လိမ့်မည်။ ထိုအခါလူမျိုးတကာတို့သည် မိမိ တို့အားကောင်းချီးပေးရန်ငါ့ထံတောင်း လျှောက်ကြလိမ့်မည်။ ငါ့ကိုလည်းထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Jeremiah 44:4ငါသည်မိမိ၏အစေခံပရောဖက်များကို သင်တို့ထံသို့ အဖန်ဖန်အထပ်ထပ်စေလွှတ် ခဲ့၏။ သူတို့ကလည်းသင်တို့အားငါမုန်း ထားစက်ဆုပ်သည့်အမှုကိုမပြုရန်ပြော ကြားခဲ့ကြ၏။-