The Bible Software
bible.software › ဇာခရိအနာဂတ္တိကျမ်း › ဇာခရိအနာဂတ္တိကျမ်း 8 › ဇာခရိအနာဂတ္တိကျမ်း 8:19

ဇာခရိအနာဂတ္တိကျမ်း 8:19

``စ​တုတ္ထ၊ ပဉ္စ​မ၊ သတ္တ​မ​နှင့်​ဒ​သ​မ​လ​များ တွင်​ကျင်း​ပ​သည့်​အ​စာ​ရှောင်​သည့်​ပွဲ​တော် များ​သည် ယု​ဒ​ပြည်​သား​အ​တွက်​ရွှင်​လန်း ဝမ်း​မြောက်​ဖွယ်​ဖြစ်​လာ​လိမ့်​မည်။ သင်​တို့ သည်​အ​မှန်​တ​ရား​နှင့်​ငြိမ်း​ချမ်း​သာ​ယာ မှု​ကို​နှစ်​သက်​မြတ်​နိုး​ရ​ကြ​မည်'' ဟု မိန့်​တော်​မူ​၏။

Common Language Bible

In The King James Version

Thus saith the LORD of hosts; The fast of the fourth month, and the fast of the fifth, and the fast of the seventh, and the fast of the tenth, shall be to the house of Judah joy and gladness, and cheerful feasts; therefore love the truth and peace.

In Context

18အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဇာ​ခ​ရိ​အား​ဤ​သို့​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-

20အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``တိုင်း နိုင်​ငံ​ကြီး​များ​နှင့်​မြို့​များ​မှ​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ​ရောက်​ကြ​မည့် အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။-

Read all of ဇာခရိအနာဂတ္တိကျမ်း 8

Cross References

2 Kings 25:1ဇေ​ဒ​ကိ​သည်​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ကို​ပုန်​ကန်​သ​ဖြင့် နေ​ဗု​ခဒ်​နေ​ဇာ​သည် မိ​မိ​၏ တပ်​မ​တော်​နှင့်​လာ​ရောက်​၍ ဇေ​ဒ​ကိ​၏​နန်း​စံ ကိုး​နှစ်၊ ဆယ်​လ​နှင့်​ဆယ်​ရက်​နေ့​၌ ယေ​ရု​ရှ​လင် မြို့​ကို​တိုက်​ခိုက်​လေ​သည်။ သူ​သည်​မြို့​ပြင်​၌ တပ်​စ​ခန်း​ချ​ပြီး​လျှင် မြို့​ပတ်​လည်​တွင်​မြေ က​တုတ်​များ​ကို​ဖို့​လုပ်​၏။-

2 Kings 25:25သို့​ရာ​တွင်​သတ္တမ​လ​သို့​ရောက်​သော​အ​ခါ​မင်း မျိုး​မင်း​နွယ်​ဖြစ်​သူ ဧ​လိ​ရှ​မာ​၏​မြေး၊ နာ​သ​နိ ၏​သား၊ ဣ​ရှ​မေ​လ​သည်​လူ​တစ်​ကျိပ်​နှင့်​မိ​ဇ​ပါ မြို့​သို့​သွား​ပြီး​လျှင် ဂေ​ဒ​လိ​ကို​လုပ်​ကြံ​လေ သည်။ သူ​သည်​ဂေ​ဒ​လိ​နှင့်​အ​တူ​ရှိ​နေ​သည့် ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့် ဗာ​ဗု​လုန် အ​မျိုး​သား​တို့​ကို​လည်း​သတ်​ဖြတ်​လိုက်​၏။-

Esther 9:22ထို​နေ့​ရက်​များ​သည်​ရန်​သူ​တို့​အား​ယု​ဒ အ​မျိုး​သား​တို့​သုတ်​သင်​ပယ်​ရှင်း​သည့်​နေ့ များ​ဖြစ်​သည်။ ထို​လ​သည်​သူ​တို့​စိတ်​ပျက် ဝမ်း​နည်း​ခြင်း​မှ​ဝမ်း​မြောက်​ရွှင်​မြူး​ခြင်း​သို့ ကူး​ပြောင်း​ရာ​လ​ဖြစ်​၏။ သို့​ဖြစ်​၍​သူ​တို့ သည်​ထို​နေ့​ရက်​တို့​တွင်​ပျော်​ရွှင်​ပွဲ​များ ကျင်း​ပ​ကာ မိ​မိ​တို့​အ​ချင်း​ချင်း​အား လည်း​ကောင်း၊ ဆင်း​ရဲ​သူ​များ​အား​လည်း ကောင်း​အ​စား​အ​စာ​လက်​ဆောင်​များ ပေး​ကမ်း​ကြ​ရန်​ဖြစ်​ပေ​သည်။-

Psalms 34:15ဘု​ရား​သ​ခင်​သည်​သူ​တော်​ကောင်း​တို့​အား ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​၍ သူ​တို့​၏​အော်​ဟစ်​သံ​များ​ကို​နား​ညောင်း​တော် မူ​၏။

Isaiah 35:10သူ​တို့​သည်​ဝမ်း​မြောက်​ပျော်​ရွှင်​စွာ​သီ​ချင်း ဆို​လျက် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​စဉ်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ လိမ့်​မည်။ ဝမ်း​နည်း​ပူ​ဆွေး​ခြင်း​နှင့်​ထာ​ဝ​စဉ်​ကင်း​လွတ် ကြ​လိမ့်​မည်။

Jeremiah 31:12သူ​တို့​သည်​လာ​၍​ဇိ​အုန်​တောင်​ပေါ်​တွင် ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ ငါ​ချ​ပေး​သည့်​ကျေး​ဇူး​များ​ဖြစ်​သော ဂျုံ၊စပါး၊စ​ပျစ်​ရည်၊ဆီ၊သိုး​ငယ်​များ​နှင့်​ကျွဲ​နွား များ​ဖြင့်၊ ရွှင်​လန်း​ဝမ်း​မြောက်​လျက်​နေ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ရေ​ကို​ကောင်း​စွာ​ရ​ရှိ​သည့် ဥ​ယျာဉ်​ကဲ့​သို့​ဖြစ်​၍ နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ဝမ်း​နည်း​ပူ​ဆွေး ကြ​ရ​လိမ့်​မည်​မ​ဟုတ်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဇာခရိအနာဂတ္တိကျမ်း 8:19

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဇာခရိအနာဂတ္တိကျမ်း 8:18ဇာခရိအနာဂတ္တိကျမ်း 8ဇာခရိအနာဂတ္တိကျမ်း 8:20 →