ဇာခရိအနာဂတ္တိကျမ်း 8:9
ရဲရင့်မှုရှိကြလော့။ ယခုသင်တို့ကြားသိ ကြရသည့်စကားများသည် ငါအနန္တတန်ခိုး ရှင်ထာဝရဘုရား၏ဗိမာန်တော်ကို ပြန်လည် တည်ဆောက်ရန်အုတ်မြစ်ချချိန်၌ပရောဖက် တို့ဟောကြားခဲ့ကြသည့်စကားများပင် ဖြစ်၏။-
Common Language Bible
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 8
Cross References
Joshua 1:8ဘုရားဝတ်ပြုရာ၌ပညတ်တရားရေး ထားသောကျမ်းစာအုပ်ကို အမြဲဖတ်ရမည်။ ထိုကျမ်းစာအုပ်ကိုနေ့ညမပြတ်လေ့လာ၍ ပါရှိသမျှသောပညတ်တို့ကိုစောင့်ထိန်း ရမည်။ သို့ပြုလျှင်သင်သည်ကြီးပွားအောင် မြင်လိမ့်မည်။-
1 Chronicles 28:20ဒါဝိဒ်မင်းသည်သားတော်ရှောလမုန်အား``သင် သည်တည်ကြည်ခိုင်ခန့်၍ဇွဲသတ္တိရှိလော့။ အလုပ် ကိုအစပြုလော့။ အဘယ်အရာမျှသင့်အား မဆီးမတားစေနှင့်။ ငါကိုးကွယ်သောဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ တော်မူလိမ့်မည်။ ကိုယ်တော်သည်သင့်ကိုစွန့်ပစ် တော်မူလိမ့်မည်မဟုတ်။ ဗိမာန်တော်အတွက် လိုအပ်သမျှသောအမှုကိစ္စများပြီးဆုံး သည်တိုင်အောင် သင်နှင့်အတူရှိတော်မူလိမ့် မည်။-
Ezra 5:1ပရောဖက်ဟ္ဂဲနှင့်ဣဒေါသားပရောဖက်ဇာခရိတို့သည် ယုဒပြည်နှင့်ယေရုရှလင်မြို့တွင်နေထိုင်သူယုဒအမျိုးသားတို့အား ဣသရေလအမျိုးသားတို့ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန်ကြားကြ၏။-
Isaiah 35:3နွမ်းနယ်လျက်ရှိသည့်လက်တို့ကိုလည်းကောင်း၊ အားနည်းတုန်လှုပ်လျက်နေသည့် ဒူးတို့ကိုလည်းကောင်းအားဖြည့်၍ပေးကြလော့။
Haggai 1:1ပေရသိပြည်ဧကရာဇ်ဒါရိမင်းနန်းစံ ဒုတိယနှစ်ဆဋ္ဌမလတစ်ရက်နေ့၌ ထာဝရ ဘုရားသည်ပရောဖက်ဟ္ဂဲအားဗျာဒိတ် ပေးတော်မူပါ၏။ ထိုဗျာဒိတ်တော်သည်ယုဒ ဘုရင်ခံရှာလသေလ၏သားဇေရုဗဗေလ နှင့် ယဇ်ပုရောဟိတ်မင်းယောဇဒတ်၏သား ယောရှုတို့အတွက်ဖြစ်၏။
Haggai 2:4သို့ရာတွင် အို ပြည်သူအပေါင်းတို့၊ စိတ်အား မငယ်ကြနှင့်။ ငါသည်သင်တို့နှင့်အတူရှိ သည်ဖြစ်၍မိမိတို့လုပ်ဆောင်ရန်ရှိသည့် အမှုကိုသာသင်တို့လုပ်ဆောင်ကြလော့''ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့် တော်မူ၏။-