ဇာခရိအနာဂတ္တိကျမ်း 9:12
အချင်းပြည်နှင်ဒဏ်သင့်သူတို့ပြန်လာကြလော့။ မျှော်လင့်ချက်ရှိကြပေပြီ။ ဘေးမဲ့လုံခြုံရာသင်တို့၏ရဲတိုက်သို့ပြန်လာ ကြလော့။ သင်တို့ခံခဲ့ရသည့်ဆင်းရဲဒုက္ခများ၏ နှစ်ဆမျှသော ကောင်းချီးမင်္ဂလာကိုသင်တို့အားငါပေးမည် ဖြစ်ကြောင်းယခုပင်ပြောကြားပါ၏။
Common Language Bible
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 9
Cross References
Job 42:10ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်း၍၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။
Isaiah 40:2ယေရုရှလင်မြို့သူမြို့သားတို့ကို အားပေးကြလော့။ သူတို့သည်ကြာမြင့်စွာဆင်းရဲဒုက္ခ ရောက်ခဲ့ကြသဖြင့်၊ သူတို့၏အပြစ်များကိုယခု ငါဖြေလွှတ်တော်မူပြီဖြစ်ကြောင်း၊ သူတို့အားကြားပြောကြလော့။ ငါသည်သူတို့အားမိမိတို့အပြစ်များ အတွက် အပြစ်ဒဏ်အပြည့်အဝခတ်ခဲ့လေပြီ'' ဟု မိန့်တော်မူ၏။
Isaiah 52:2အို ယေရုရှလင်မြို့၊သင်၏ကိုယ်ကိုရုန်းခါ၍ လွတ်မြောက်အောင်ပြုလော့။ မြေမှုန့်ထဲမှထ၍သင်၏ပလ္လင်ပေါ်တွင်ထိုင်လော့။ အို သုံ့ပန်းဇိအုန်မြို့သူမြို့သားတို့၊သင်တို့အား ချည်နှောင်ထားသည့်သံကြိုးများကိုဖြေကြလော့။
Jeremiah 31:6`လာကြ၊ ငါတို့၏ဘုရားသခင်ထာဝရ ဘုရားရှိတော်မူရာဇိအုန်တောင်တော်သို့ ငါတို့တက်ကြကုန်အံ့' ဟုဧဖရိမ်တောင် ကုန်းများမှကင်းစောင့်တို့ကြွေးကြော်ကြ မည့်နေ့ရက်ကာလသည် အမှန်ပင်ကျ ရောက်လာလိမ့်မည်'' ဟုမိန့်တော်မူ၏။
Jeremiah 50:4ထာဝရဘုရားက``ထိုအချိန်ကာလကျ ရောက်လာသောအခါ ဣသရေလနှင့်ယုဒ ပြည်သားတို့သည်ငိုယိုကာ မိမိတို့ဘုရားသခင်တည်းဟူသောငါ့အားလိုက်လံရှာဖွေ ကြလိမ့်မည်။-
Jeremiah 51:10``ငါ၏လူစုတော်က`ငါတို့ဖြောင့်မှန်ကြောင်း ကို ထာဝရဘုရားပြတော်မူလေပြီ။ ငါ တို့သည်ဇိအုန်မြို့သူမြို့သားတို့ထံသို့ သွား၍ ငါတို့၏ဘုရားသခင်ထာဝရ ဘုရားပြုတော်မူသောအမှုတော်ကို ပြောကြားကြကုန်အံ့' ဟုကြွေးကြော်၏'' ဟုမိန့်တော်မူ၏။