The Bible Software
bible.software › ဇာခရိအနာဂတ္တိကျမ်း › ဇာခရိအနာဂတ္တိကျမ်း 9 › ဇာခရိအနာဂတ္တိကျမ်း 9:16

ဇာခရိအနာဂတ္တိကျမ်း 9:16

ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ သိုး​ထိန်း​သည်​သိုး​စု​အား​ဘေး​အန္တ​ရာယ်​မှ ကယ်​တင်​သ​ကဲ့​သို့ သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တော်​အား​ကယ်​တင်​တော်​မူ လိမ့်​မည်။ သူ​တို့​သည်​သ​ရ​ဖူ​မှ​ကျောက်​မျက်​ရ​တ​နာ များ​ကဲ့​သို့၊ ကိုယ်​တော်​၏​ပြည်​တွင်​အ​ရောင်​အ​ဝါ ထွန်း​တောက်​ကြ​လိမ့်​မည်။

Common Language Bible

In The King James Version

And the LORD their God shall save them in that day as the flock of his people: for they shall be as the stones of a crown, lifted up as an ensign upon his land.

In Context

15အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​လူ​မျိုး​တော်​ကို​ကာ​ကွယ်​စောင့်​ထိန်း တော်​မူ​လိမ့်​မည်။ သူ​တို့​သည်​လည်း​ရန်​သူ​များ​ကို နှိမ်​နင်း​အောင်​မြင်​ကြ​လိမ့်​မည်။ သူ​တို့​သည်​သေ​သောက်​ကြူး​များ​ကဲ့​သို့​စစ် ပွဲ​တွင် ဟစ်​အော်​ကြ​လျက်​ရန်​သူ​များ​ကို​သတ်​ဖြတ် ကြ​လိမ့်​မည်။ ထို​သူ​တို့​၏​သွေး​သည်​အင်​တုံ​မှ​ယဇ်​ပလ္လင် ပေါ်​သို့ သွန်း​လောင်း​လိုက်​သည့်​သွေး​ကဲ့​သို့​စီး​ဆင်း လာ​လိမ့်​မည်။

17ပြည်​တော်​သည်​အ​ဘယ်​မျှ​သာ​ယာ​တင့် တယ်​လျက် နေ​ပါ​လိမ့်​မည်​နည်း။ လူ​ငယ်​လူ​ရွယ်​တို့​သည်​ပြည်​တော်​ထွက်​ဂျုံ​ဆန်​နှင့် စ​ပျစ်​ရည်​ကို​မှီ​ဝဲ​လျက်၊အား​အင်​ပြည့်​ဖြိုး​၍ လာ​ကြ​လိမ့်​မည်။

Read all of ဇာခရိအနာဂတ္တိကျမ်း 9

Cross References

Exodus 28:21ဣ​သ​ရေ​လ​တစ်​ဆယ်​နှစ်​မျိုး​ကို​ရည်​ဆောင်​၍ ကျောက်​မျက်​တစ်​ဆယ်​နှစ်​လုံး​တွင်​တစ်​လုံး​စီ ၌ ယာ​ကုပ်​၏​သား​တစ်​ယောက်​စီ​၏​နာ​မည်​ကို ထွင်း​ထား​ရ​မည်။-

Isaiah 11:10ဒါ​ဝိဒ်​မင်း​ဆက်​မှ​ပေါ်​ထွန်း​လာ​သည့်​ဘု​ရင် သည် လူ​မျိုး​တ​ကာ​တို့​အ​ဖို့​အ​ချက်​ပြ​အ​မှတ် လက္ခ​ဏာ​တစ်​ရပ်​ဖြစ်​သည့်​အ​ချိန်​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ သူ​တို့​သည်​သူ​၏​မြို့​တော် သို့​လာ​ရောက်​စု​ရုံး​ကြ​လျက် သူ့​အား​ဂုဏ်​ပြု ချီး​မြှင့်​ကြ​လိမ့်​မည်။-

Isaiah 54:12သင်​၏​ပြ​အိုး​များ​ကို​ပတ္တ​မြား​ဖြင့်​လည်း​ကောင်း၊ သင်​၏​တံ​တိုင်း​တို့​ကို​ကျောက်​မျက်​ရ​တ​နာ များ​ဖြင့်​လည်း​ကောင်း၊ သင်​၏​နံ​ရံ​များ​ကို​အ​ဖိုး​တန်​ရ​တ​နာ များ​ဖြင့်​လည်း​ကောင်း၊ပြန်​လည်​တည်​ဆောက်​မည်။

Isaiah 60:14သင်​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သူ​တို့​၏ သား​မြေး​များ​သည်​သင့်​ထံ​လာ​ရောက်​၍ ဦး​ညွှတ် အ​လေး​ပြု​ကြ​လိမ့်​မည်။ အ​ခါ​တစ်​ပါး​က​သင့်​အား​မ​ထီ​မဲ့​မြင် ပြု​သူ​အ​ပေါင်း​တို့​သည်​သင်​၏​ခြေ​ရင်း​၌ ပျပ်​ဝပ် ရှိ​ခိုး​ကြ​လိမ့်​မည်။ သူ​တို့​သည်​သင့်​အား`ထာ​ဝ​ရ​ဘု​ရား​၏​မြို့​တော်' ဟူ​၍​လည်းကောင်း၊ `ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့​တော်​ဇိ​အုန်' ဟူ​၍​လည်း​ကောင်း​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့် မည်။

Jeremiah 23:3``ငါ​သည်​ငါ​၏​လူ​မျိုး​တော်​အား​ကွဲ​လွင့်​စေ ခဲ့​သည့်​တိုင်း​ပြည်​များ​မှ​သိမ်း​၍ သူ​တို့​၏ ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​မည်။ သူ​တို့​သည် သား​သ​မီး​များ​စွာ​ထွန်း​ကား​လျက်​လူ ဦး​ရေ​တိုး​ကြ​လိမ့်​မည်။-

Ezekiel 34:11``သင်​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား က​စဥ့်​က​ရဲ​ဖြစ်​ပြီး​နောက် ပြန်​လည်​စု​သိမ်း​ရ​ရှိ​သည့်​သိုး​တို့​ကို​သိုး ထိန်း​သည်​စောင့်​ထိန်း​ကြည့်​ရှု​သ​ကဲ့​သို့ ငါ သည်​မိ​မိ​၏​သိုး​တို့​ကို​လိုက်​လံ​ရှာ​ဖွေ​ကာ စောင့်​ထိန်း​ကြည့်​ရှု​မည်။ မိုး​အ​မှောင်​ကျ​သည့် နေ့​ရက်​၌​သူ​တို့​က​စဥ့်​က​ရဲ​ဖြစ်​၍​သွား ရာ​အ​ရပ်​ရပ်​မှ​ငါ​သည်​သူ​တို့​အား​ပြန် လည်​ခေါ်​ခဲ့​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဇာခရိအနာဂတ္တိကျမ်း 9:16

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဇာခရိအနာဂတ္တိကျမ်း 9:15ဇာခရိအနာဂတ္တိကျမ်း 9ဇာခရိအနာဂတ္တိကျမ်း 9:17 →