ဇာခရိအနာဂတ္တိကျမ်း 9:7
သူသည်သွေးပါသည့်အသားကိုသော်လည်း ကောင်း၊ အခြားတားမြစ်ရာပါအစားအစာ ကိုသော်လည်းကောင်းစားကြတော့မည်မဟုတ်။ အသက်မသေဘဲကြွင်းကျန်နေသူမှန်သမျှ သည် ငါ၏လူမျိုးတော်တွင်ပါ၍လာကြလိမ့် မည်။ သူတို့သည်ယုဒအနွယ်ဝင်သားချင်း စုတစ်စုကဲ့သို့ဖြစ်ကြလိမ့်မည်။ ဧကြုန်မြို့ သားတို့သည်ယေဗုသိမြို့သားများနည်း တူငါ၏လူမျိုးတွင်အပါအဝင်ဖြစ် လာကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 9
Cross References
1 Samuel 17:34ဒါဝိဒ်က``အရှင်မင်းကြီး၊ အကျွန်ုပ်သည် ဖခင်၏သိုးများကိုထိန်းကျောင်းရသူ ဖြစ်ပါ၏။ သိုးတစ်ကောင်ကိုခြင်္သေ့သော် လည်းကောင်း၊ ဝက်ဝံသော်လည်းကောင်း ကိုက်ချီသွားပါလျှင်၊-
2 Samuel 24:18ထိုနေ့၌ပင်လျှင်ဂဒ်သည်ဒါဝိဒ်ထံသွား ၍``အရှင်သည်ယေဗုသိအမျိုးသားအရောန ၏ကောက်နယ်တလင်း၌ထာဝရဘုရား အတွက်ယဇ်ပလ္လင်ကိုတည်ဆောက်လော့'' ဟု ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆို လေ၏။-
1 Chronicles 11:4ဒါဝိဒ်မင်းနှင့်ဣသရေလအမျိုးသား အပေါင်းတို့သည်ချီတက်၍ ယေရုရှလင် မြို့ကိုတိုက်ခိုက်ကြ၏။ ထိုစဉ်အခါက ယေရုရှလင်မြို့သည်ယေဗုတ်မြို့ဟုနာမည် တွင်၏။ ထိုမြို့တွင်ပင်ကိုယ်ရှိရင်းစွဲယေဗုသိ မြို့သားတို့ပင်လျှင်နေထိုင်လျက်ရှိသေး၏။-
Psalms 3:7အို ထာဝရဘုရား၊ ကြွလာတော်မူပါ။ ကျွန်တော်မျိုး၏ဘုရားသခင်၊ကျွန်တော်မျိုးအား ကယ်တော်မူပါ။ ကိုယ်တော်သည်ကျွန်တော်မျိုး၏ရန်သူအပေါင်းတို့၏ ပါးရိုးကိုရိုက်၍သူတို့၏သွားကိုချိုးတော်မူ၏။
Isaiah 11:12မိမိသည်ကွဲလွင့်လျက်နေသောဣသရေလ ကိုလည်းကောင်း၊ ပြန့်ကျဲနေသောယုဒလူမျိုး တို့အား ကမ္ဘာမြေပြင်အရပ်လေးမျက်နှာမှ ပြန်လည်စုသိမ်းလျက်နေတော်မူကြောင်း ကိုလည်းကောင်း ဖော်ပြရန်ထာဝရဘုရား သည်အချက်ပြအလံတော်ကိုလွှင့်ထူ တော်မူလိမ့်မည်။-
Isaiah 49:22ထာဝရအရှင်ဘုရားသခင်ကမိမိ၏ လူမျိုးတော်အား ``ငါသည်လူမျိုးတကာတို့အားအချက် ပေးလိုက်သောအခါ၊ သူတို့သည်သင်တို့၏သားသမီးများကို ခေါ်ဆောင်လာကြလိမ့်မည်။