ဇေဖနိအနာဂတ္တိကျမ်း 1:2
ထာဝရဘုရားက``ငါသည်လူများ၊ တိရစ္ဆာန် များ၊ ငှက်များနှင့်ငါးများပါမကျန်၊ ကမ္ဘာ ပေါ်တွင်ရှိသမျှသောအရာတို့ကိုသုတ် သင်ဖျက်ဆီးမည်။ သူယုတ်မာတို့ကိုပြိုလဲ ပျက်စီးစေမည်။ လူသားအားလုံးကိုငါ ဖျက်ဆီးမည်။ အသက်မသေဘဲတစ်ယောက် မျှကျန်လိမ့်မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
Common Language Bible
In The King James Version
I will utterly consume all things from off the land, saith the LORD.
In Context
Read all of ဇေဖနိအနာဂတ္တိကျမ်း 1
Cross References
Genesis 6:7ကိုယ်တော်သည်လွန်စွာစိတ်မသာဖြစ်တော်မူ သဖြင့် ``ငါဖန်ဆင်းခဲ့သောလူတို့ကို ကမ္ဘာပေါ် မှငါသုတ်သင်ပစ်မည်။ တိရစ္ဆာန်နှင့်ငှက်တို့ကို လည်းငါသုတ်သင်ပစ်မည်။ သူတို့ကိုဖန်ဆင်း မိ၍ ငါသည်စိတ်တော်မချမ်းမသာဖြစ်ရ ၏'' ဟုမိန့်တော်မူ၏။-
2 Chronicles 24:24ရှုရိတပ်မတော်သည်သေးငယ်သော်လည်း ထာဝရဘုရားသည်ပိုမိုကြီးမားသည့် ယုဒတပ်မတော်ကိုနှိမ်နင်းခွင့်ပေးတော် မူ၏။ အဘယ်ကြောင့်ဆိုသော်ယုဒပြည်သူ တို့သည် မိမိတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအားစွန့်ပယ်ကြ သောကြောင့်ဖြစ်၏။ ဤနည်းအားဖြင့် ယောရှမင်းသည်အပြစ်ဒဏ်စီရင် တော်မူခြင်းကိုခံရသတည်း။-
Isaiah 6:11ငါကလည်း``အို ထာဝရဘုရား၊ အဘယ်မျှကြာအောင်ဤသို့ဖြစ်ပျက်လျက်နေပါမည်နည်း'' ဟုလျှောက်လျှင် ကိုယ်တော်က``မြို့များပျက်စီးယိုယွင်း၍ဟာလာဟင်းလင်းဖြစ်၍နေချိန်တိုင်အောင်ဖြစ်၏။ အိမ်များတွင်လူသူကင်းမဲ့ပြီးထိုပြည်ကိုယ်တိုင်လူသူဆိတ်ငြိမ်ရာဖြစ်လျက်နေချိန်တိုင်အောင်ဖြစ်၏။-
Jeremiah 24:8``ယုဒဘုရင်ဇေဒကိ၊ သူ၏အခြွေအရံ မှူးမတ်များနှင့် ဤပြည်တွင်ကျန်ရစ်ခဲ့သူ သို့မဟုတ်အီဂျစ်ပြည်သို့ပြောင်းရွှေ့သွား သူ၊ ယေရုရှလင်မြို့သားတို့ကိုမူကား ငါ ထာဝရဘုရားသည်စား၍မရနိုင်လောက် အောင်ပုပ်နေသည့်သင်္ဘောသဖန်းသီးများ ကဲ့သို့ရှုမှတ်မည်။-
Jeremiah 36:29ယောယကိမ်မင်းအားလည်းထာဝရဘုရား က``သင်သည်စာလိပ်ကိုမီးရှို့ပစ်ပြီးလျှင် ယေရမိအားဗာဗုလုန်ဘုရင်သည်ဤပြည် သို့လာရောက်၍လူများ၊ တိရစ္ဆာန်များကိုသုတ် သင်ဖျက်ဆီးပစ်လိမ့်မည်ဟုအဘယ်ကြောင့် ဟောပြောရပါသနည်းဟုမေးမြန်းခဲ့ပေ သည်။-
Ezekiel 33:27``ပျက်စီးယိုယွင်းလျက်ရှိသောမြို့များတွင် နေထိုင်ကြသူတို့သည်သတ်ဖြတ်ခြင်းခံရ ကြလိမ့်မည်ဖြစ်ကြောင်း၊ ငါအရှင်ထာဝရ ဘုရားသည်အသက်ရှင်တော်မူသောဘုရား အမှန်ပင်ဖြစ်သည့်အတိုင်းသူတို့အားသတိ ပေးလိုက်ကြောင်းပြောကြားလော့။ ကျေးလက် တို့တွင်နေထိုင်သူများသည်တောတိရစ္ဆာန် တို့၏အစာဖြစ်ရကြလိမ့်မည်။ တောင်များ၊ လိုဏ်ဂူများတွင်ပုန်းအောင်းနေကြသူတို့ သည်ရောဂါကြောင့်သေရကြလိမ့်မည်။-