ဇေဖနိအနာဂတ္တိကျမ်း 2:1
အို အရှက်မဲ့သောလူမျိုး၊-
Common Language Bible
In The King James Version
Gather yourselves together, yea, gather together, O nation not desired;
In Context
Read all of ဇေဖနိအနာဂတ္တိကျမ်း 2
Cross References
Nehemiah 8:1သတ္တမလရောက်ချိန်၌ဣသရေလအမျိုး သားတို့သည် မိမိတို့မြို့ရွာများတွင်အတည် တကျနေထိုင်လျက်ရှိကြ၏။ ထိုလပထမ ရက်နေ့၌သူတို့သည်ယေရုရှလင်မြို့ရေ တံခါးအတွင်းကွက်လပ်တွင်စုဝေးကြ၏။ သူတို့သည်ဣသရေလအမျိုးသားတို့အား မောရှေမှတစ်ဆင့် ထာဝရဘုရားပေးအပ် တော်မူခဲ့သောပညတ်တရားတော်ကို ကျွမ်းကျင်သူ ယဇ်ပုရောဟိတ်ဧဇရအား ပညတ်ကျမ်းကိုဆောင်ခဲ့ရန်တောင်းပန် ကြ၏။-
Esther 4:16``ရှုရှန်မြို့တွင်ရှိသမျှသောယုဒအမျိုး သားတို့ကိုစုရုံးပြီးလျှင် ကျွန်မအတွက် အစာရှောင်စေ၍ နေ့ညဥ့်မပြတ်သုံးရက် ပတ်လုံးမစားမသောက်ဘဲနေကြပါစေ။ ကျွန်မနှင့်ကျွန်မ၏အပျိုတော်တို့သည် လည်းအစာရှောင်ကြပါမည်။ ထိုနောက်တရား ဥပဒေကူးလွန်၍သေဒဏ်ခံရစေကာမူ မင်းကြီးထံသို့ကျွန်မဝင်ပါမည်'' ဟုပြန် ကြားလိုက်၏။
Isaiah 1:10အို ယေရုရှလင်မြို့၊ သင့်ကိုအုပ်စိုးသောမင်းများနှင့် သင်၏မြို့သူမြို့သားတို့သည်သောဒုံမြို့နှင့်ဂေါမောရမြို့မှလူတို့နှင့်တူကြ၏။ သင့်အားထာဝရဘုရားမိန့်တော်မူသောစကားတော်ကိုနားထောင်လော့။ ငါတို့၏ဘုရားသခင်သွန်သင်တော်မူသောအရာကိုအာရုံပြုလော့။-
Jeremiah 3:3ဤအကြောင်းကြောင့်ငါသည်မိုးဦးကိုခေါင် စေ၍ မိုးနှောင်းကိုလည်းမရွာဘဲနေစေခြင်း ဖြစ်၏။ သင်သည်ပြည့်တန်ဆာအသွင်ကိုဆောင် လျက်ရှိ၏။ သင်၌အရှက်အကြောက်မရှိ တော့ပေ။
Jeremiah 12:7ထာဝရဘုရားက၊ ``ငါသည်ငါ၏အိမ်ကိုစွန့်ပစ်လိုက်လေပြီ။ ငါရွေးချယ်ထားသည့်ငါ၏အမွေခံကိုပစ်ပယ် လိုက်လေပြီ။ ငါချစ်မြတ်နိုးသည့်လူတို့အားရန်သူများ၏ လက်သို့ အပ်နှံလိုက်လေပြီ။
Joel 2:12ထာဝရဘုရားက``သို့ရာတွင်သင်တို့သည် ယခုအခါ၌ပင်အမှန်တကယ်နောင်တရ ကြလော့။ အစာရှောင်လျက်ငိုကြွေးမြည်တမ်းလျက် ငါ့ထံသို့ပြန်လာကြလော့။