ဇေဖနိအနာဂတ္တိကျမ်း 2:4
ဂါဇမြို့တွင်လူတစ်စုံတစ်ယောက်မျှကျန် ရှိလိမ့်မည်မဟုတ်။ အာရှကေလုန်မြို့သည် လူသူဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။ အာဇုတ် မြို့သားတို့သည်တစ်နေ့ချင်းတွင်အနှင် ခံရကြလျက်ဧကြုန်မြို့သားတို့သည် ထိုမြို့မှထွက်ပြေးရကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ဇေဖနိအနာဂတ္တိကျမ်း 2
Cross References
Psalms 91:6မှောင်မိုက်တွင်ကျရောက်တတ်သည့်ကပ်ရောဂါများ ကိုသော်လည်းကောင်း၊ နေ့လည်ချိန်၌သေစေတတ်သည့်ဘေးဥပဒ်များ ကိုသော်လည်းကောင်း၊ ကြောက်လန့်ရလိမ့်မည်မဟုတ်။
Jeremiah 15:8ငါသည်သင်တို့၏အမျိုးသမီးများအား မုဆိုးမဖြစ်လျက် အရေအတွက်အားဖြင့်ပင်လယ်ကမ်းခြေ သဲလုံးမကများလေပြီ။ ငါသည်ငယ်ရွယ်သူတို့အားမွန်းတည့်ချိန်၌ သုတ်သင်ခြင်းဖြင့် သူတို့၏မိခင်များပူဆွေးရကြသည်။ သူတို့သည်ရုတ်တရက်ထိတ်လန့်တုန်လှုပ်ကာ ပူပင်သောကရောက်ရကြလေပြီ။
Jeremiah 47:1ဂါဇမြို့ကိုအီဂျစ်ဘုရင်မတိုက်ခိုက်မီ ဖိလိတ္တိအမျိုးသားများကိုရည်မှတ်၍ ထာဝရဘုရားသည်ငါ့အားဗျာဒိတ် ပေးတော်မူ၏။
Amos 1:6ထာဝရဘုရားက``ဂါဇမြို့သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားခဲ့သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်လူတစ်မျိုးလုံးကို ဧဒုံပြည်သားများလက်ဝယ်သို့ ကျွန် အဖြစ်နှင့်ရောင်းစားခဲ့ပြီ။-