2 ရာဇဝင်ချုပ်ပထမစောင် 11:16
ထိုအခါ ဒါဝိဒ်သည် ရဲတိုက်တွင်နေ၍၊ ဖိလိတ္တိ လူတို့သည် ဗက်လင်မြို့၌လည်း တပ်ချကြ၏။
1835 Judson Burmese Bible
In The King James Version
And David was then in the hold, and the Philistines’ garrison was then at Bethlehem.
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 11
Cross References
1 Samuel 13:4ရှောလုသည် ဖိလိတ္တိတပ်ကို လုပ်ကြံကြောင်းနှင့် ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို ရွံ့ရှာကြောင်း ကို ဣသရေလအမျိုးသား အပေါင်းတို့သည် ကြားသိ၍၊ လူများတို့သည် ရှောလုနောက် ဂိလဂါလ မြို့၌ စည်းဝေးကြ၏။
1 Samuel 22:1ဒါဝိဒ်သည် ထိုအရပ်မှပြေး၍ အဒုလံဥမင်သို့ ဘေးလွတ်လျက် ရောက်လေ၏။ သူအစ်ကိုများ၊ အဆွေ အမျိုးများအပေါင်းတို့သည် ကြားလျှင် သူ့ထံသို့ သွားကြ၏။
1 Samuel 22:5တဖန် ပရောဖက်ဂဒ်က၊ ခိုင်ခံ့သော ဥမင်၌ မနေနှင့်။ ထွက်၍ ယုဒပြည်သို့ သွားလော့ဟု ဒါဝိဒ်အား ဆိုသည်အတိုင်း ဒါဝိဒ်သွား၍ ဟာရက်တော၌ နေ၏။
Psalms 142:1ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်၏။ ငါ့အသံကို ထာဝရဘုရားထံသို့လွှင့်၍ ဆုတောင်းပဋ္ဌနာပြု၏။