2 ရာဇဝင်ချုပ်ပထမစောင် 11:5
ယေဗုတ်မြို့သားတို့က၊ သင်သည် ဤမြို့သို့ မဝင်ရဟု ဆိုကြသော်လည်း၊ ဒါဝိဒ်သည် ဒါဝိဒ်မြို့တည်း ဟူသော ဇိအုန်ရဲတိုက်ကို တိုက်ယူလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 11
Cross References
1 Samuel 17:9သူသည် ငါ့ကို တိုက်၍ သတ်နိုင်လျှင် ငါတို့သည် သင်တို့၏ ကျွန်ခံမည်။ သို့မဟုတ် ထိုသူကို ငါနိုင် ၍ သတ်လျှင်၊ သင်တို့သည် ငါတို့၏ ကျွန်ခံ၍ ငါတို့အမှုကို ဆောင်ရွက်ရကြမည်ဟု ဣသရေလ ဗိုလ်ခြေတို့ကို ဟစ်၍ ပြောဆို၏။
1 Samuel 17:36ကိုယ်တော် ကျွန်သည် ခြင်္သေ့နှင့်ဝံနှစ်ကောင်လုံးကို သတ်ပါ၏။ အရေဖျားလှီးခြင်းကို မခံသော ထိုဖိလိတ္တိလူသည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေတို့ကို ကြိမ်းပသောကြောင့်၊ ထိုအကောင် တကောင်ကဲ့သို့ ဖြစ်ပါလိမ့်မည်။
2 Samuel 6:10မိမိနေရာဒါဝိဒ်မြို့ထဲသို့ သေတ္တာတော်ကို မဆောင်ဘဲ ဂိတ္တိလူဩဗဒေဒုံအိမ်သို့ လမ်းလွဲ၍ ဆောင် သွားလေ၏။
1 Kings 8:1ထိုအခါ ထာဝရဘုရား၏ ပဋိညာဉ်သည် သေတ္တာတော်ကို ဇိအုန်မည်သော ဒါဝိဒ်မြို့မှ ဆောင်ခဲ့ လိုသောငှါ၊ ရှောလမုန်သည် ဣသရေလအမျိုးအသက် ကြီးသူအပေါင်းတို့နှင့် ဣသရေလအဆွေအမျိုးအသီး အသီးကို အုပ်သော ခေါင်းမင်းအပေါင်းတို့ကို ယေရု ရှလင်မြို့၊ ရှင်ဘုရင်ထံသို့ ခေါ်တော်မူသည်အတိုင်း၊
2 Chronicles 5:2ထိုအခါထာဝရဘုရား၏ ပဋိညာဉ်သေတ္တာ တော်ကို၊ ဇိအုန်မည်သော ဒါဝိဒ်မြို့မှာ ဆောင်ခဲ့လိုသော ငှါ၊ ရှောလမုန်သည်။ ဣသရေလအသက်ကြီးသူ အပေါင်းတို့နှင့် ဣသရေလအဆွေအမျိုးအသီးအသီးကို အုပ်သောခေါင်းမင်းအပေါင်းတို့ကို၊ ယေရုရှလင်မြို့သို့ ခေါ်တော်မူသည်အတိုင်း၊
Psalms 9:11ဇိအုန်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရ ဘုရားကို ထောမနာသီချင်းဆိုကြလော့။ အမှုတော်များကို လူမျိုးတို့အား ဟောပြောကြလော့။