The Bible Software
bible.software › 2 ရာဇဝင်ချုပ်ပထမစောင် › 2 ရာဇဝင်ချုပ်ပထမစောင် 12 › 2 ရာဇဝင်ချုပ်ပထမစောင် 12:18

2 ရာဇဝင်ချုပ်ပထမစောင် 12:18

ဝိညာဉ်တော်သည် ဗိုလ်ချုပ်အာမသဲအပေါ်မှာ သက်ရောက်၍၊ အိုဒါဝိဒ်၊ ကျွန်တော်တို့သည် ကိုယ်တော် ၏လူ၊ အိုယေရှဲ၏သားတော်၊ ကိုယ်တော်ဘက်သို့ ဝင်စား သောသူဖြစ်ပါ၏။ ကိုယ်တော်၌ မင်္ဂလာရှိပါစေသော။ မင်္ဂလာရှိပါစေသော။ ကိုယ်တော်ကိုမစသောသူ၌ မင်္ဂလာ ရှိပါစေသော။ ကိုယ်တော်၏ဘုရားသခင်သည် ကိုယ် တော်ကို မစတော်မူပါစေသောဟု ပြန်ပြောလေသော်၊ ဒါဝိဒ်သည် သူတို့ကို လက်ခံ၍ ဗိုလ်အရာ၌ ခန့်ထား လေ၏။

1835 Judson Burmese Bible

In The King James Version

Then the spirit came upon Amasai, who was chief of the captains, and he said, Thine are we, David, and on thy side, thou son of Jesse: peace, peace be unto thee, and peace be to thine helpers; for thy God helpeth thee. Then David received them, and made them captains of the band.

In Context

17ဒါဝိဒ်သည် ကြိုဆိုခြင်းငှါ ထွက်သွား၍၊ ငါ့ကို မစခြင်းငှါ မေတ္တာစိတ်နှင့်လာလျှင် ငါသဘောတူ၏။ သို့မဟုတ် ငါ့ကိုရန်သူလက်သို့ အပ်ခြင်းငှါ လာလျှင် ငါ၌ အပြစ်မရှိသောကြောင့်၊ ဘိုးဘေးတို့၏ ဘုရားသခင်သည် ကြည့်ရှု၍ ဆုံးမတော်မူပါစေသောဟုဆိုသော်၊

19ထိုမှတပါး၊ ဒါဝိဒ်သည် ရှောလုကို စစ်တိုက်သွား သော ဖိလိတ္တိလူတို့နှင့် လိုက်သောအခါ၊ ဖိလိတ္တိမင်းတို့က၊ ဤသူသည် ငါတို့ကိုအပ်၍ မိမိသခင်ရှောလုဘက်သို့ ဝင်စားမည်ဟု တိုင်ပင်ပြီးမှ ပြန်စေသောကြောင့်၊ ဒါဝိဒ် သည် စစ်မကူဘဲ ဇိကလတ်မြို့သို့ သွားသောကာလ၊ သူ့ဘက်သို့ ဝင်စားသော မနာရှေအမျိုးသားဟူမူကား၊

Read all of 2 ရာဇဝင်ချုပ်ပထမစောင် 12

Cross References

Judges 3:10ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်သဖြင့်၊ သူသည် ဣသရေလအမျိုးကို အုပ်စိုး၍ စစ်ချီလေ၏။ မေသောပေါတာမိရှင်ဘုရင် ခုရှံရိရှသိမ်ကို သူ့လက်၌ ထာဝရဘုရား အပ်တော်မူသဖြင့်၊ သူသည် ထိုရှင်ဘုရင်ကို အောင်လေ၏။

Judges 13:25ထာဝရဘုရား၏ဝိညာဉ်တော်သည်၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြား၊ ဒန်အမျိုးတပ်၌ တခါတလေ နှိုးဆော်စပြုတော်မူ၏။

1 Samuel 8:12လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ်အရာ၌ ခန့်ထား၍၊ လယ်လုပ်ခြင်း၊ စပါး ရိတ်ခြင်း၊ စစ်တိုက်တန်ဆာ၊ ရထားတန်ဆာကိုလုပ်ခြင်း အမှုများကို ဝေဖန်လိမ့်မည်။

1 Samuel 16:5ချမ်းသာပေးလျက် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ ငါလာပြီ။ မိမိတို့ကို သန့်ရှင်းစေပြီးမှ ငါနှင့်အတူ ယဇ်ပွဲသို့လာကြဟု ဆိုသဖြင့်၊ ယေရှဲနှင့် သူ၏သားတို့ကို သန့်ရှင်းစေ၍ ယဇ်ပွဲသို့ ခေါ်လေ၏။

1 Samuel 24:12ထာဝရဘုရားသည် ကျွန်တော်နှင့် ကိုယ်တော်စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကျွန်တော်အား ပြစ်မှားသောအပြစ်ကို ထာဝရဘုရား ဆပ်ပေးတော်မူပါစေသော။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။

1 Samuel 24:16ထိုသို့ဒါဝိဒ်သည် ရှောလုအား အကုန်အစင် လျှောက်ဆိုပြီးမှ၊ ရှောလုက ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟုမေးလျှင် အသံကို လွှင့်၍ ငိုကြွေးလေ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 2 ရာဇဝင်ချုပ်ပထမစောင် 12:18

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 2 ရာဇဝင်ချုပ်ပထမစောင် 12:172 ရာဇဝင်ချုပ်ပထမစောင် 122 ရာဇဝင်ချုပ်ပထမစောင် 12:19 →