2 ရာဇဝင်ချုပ်ပထမစောင် 16:33
ထိုအခါ တော ၌ ရှိသမျှသော အပင် တို့သည် ထာဝရဘုရား ရှေ့ တော်၌ ရွှင်လန်းစွာသီချင်း ဆိုကြလိမ့်မည်။ အကြောင်း မူကား၊ ကိုယ်တော်သည် မြေကြီး သား တို့ကို တရား စီရင်ခြင်းငှါ ကြွလာ တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
32ပင်လယ် နှင့် ပင်လယ် တန်ဆာ သည် အသံဗလံ ပြုစေ။ လယ်ပြင် နှင့် လယ်ပြင် ၌ ရှိသမျှ သည်လည်း ဝမ်းမြောက် စေ။
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 16
Cross References
Psalms 9:9ထာဝရဘုရား သည် ညှဉ်းဆဲ ခြင်းကိုခံရသောသူ တို့ ၏ခိုလှုံ ရာ၊ ဘေး အန္တရာယ်ရောက် သည် ကာလ ခိုလှုံ ရာဖြစ်တော်မူ၏။
Psalms 98:9အကြောင်း မူကား၊ မြေကြီး သားတို့ကို တရား စီရင်ခြင်းငှါ ကြွလာ တော်မူ၏။ လောကသား တို့ကို ဖြောင့်မတ် စွာ စီရင်၍ ၊ လူများ ကို ဟုတ်မှန် ခြင်းတရား အတိုင်း စီရင် ဆုံးဖြတ်တော်မူလတံ့။
Ezekiel 17:22တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ မြင့် သော အာရဇ် ပင်၌ အမြင့်ဆုံး သော အညွန့် ကို ငါ ယူ ၍ စိုက် မည်။ အညွန့်ဖျားတို့တွင် နု သော အညွန့်ကိုဆိတ် ၍ ၊ မြင့်မြတ် သော တောင် ပေါ် မှာ ငါ စိုက်ပျိုး မည်။
2 Thessalonians 1:10ယုံကြည် သော သူ အပေါင်း တို့အားဖြင့် အံ့ဩ ချီးမွမ်းခြင်းကို၎င်း ၊ ခံအံ့သောငှာကြွလာ တော်မူသောနေ့ရက် ၌ ၊ ထိုသူ တို့သည် သခင် ဘုရား၏ မျက်နှာ တော်နှင့် ၎င်း၊ တန်ခိုး ရှိသော ဘုန်း တော်နှင့်၎င်းကွာ၍ ထာဝရ ပျက်စီး ခြင်းတည်းဟူသောအပြစ် ဒဏ်ကို ခံရ ကြလတံ့၊
Revelation 11:17အနန္တ တန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန် ၊ အတိတ် ၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် ၊ ကိုယ်တော် ၏ မဟာတန်ခိုး တော်ကို ယူဆောင် ၍ စိုးစံ တော်မူသော ကျေးဇူး တော်ကို အကျွန်ုပ်တို့သည် ချီးမွမ်းပါ၏။