2 ရာဇဝင်ချုပ်ပထမစောင် 17:12
ထိုသားသည်ငါ့အဘို့ အိမ်ကိုဆောက်လိမ့်မည်။ သူထိုင်သော ရာဇပလ္လင်ကိုအစဉ်အမြဲငါတည်စေမည်။
1835 Judson Burmese Bible
In The King James Version
He shall build me an house, and I will stablish his throne for ever.
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 17
Cross References
1 Kings 8:19သို့သော်လည်းသင်သည် အိမ်တော်ကို မဆောက်ရ။ သင်၏သားရင်းသည် ငါ့နာမအဘို့ အိမ်တော်ကို ဆောက်ရမည်ဟု ငါ့ခမည်းတော် ဒါဝိဒ်အား မိန့်တော်မူ၏။
1 Chronicles 28:6ငါ့အားလည်း သင့်သားရှောလမုန်သည် ငါ့အိမ် နှင့်ငါ့တန်တိုင်းတို့ကို တည်ရမည်။ ငါသည်ထိုသူကို သား အရာ၌ခန့်ထားခြင်းငှါ ရွေးကောက်ပြီ။ ငါသည် သူ၏ အဘဖြစ်မည်။
Ezra 5:11သူတို့က၊ ငါတို့သည် ကောင်းကင်နှင့်မြေကြီး အရှင် ဘုရားသခင်၏ ကျွန်တော်ဖြစ်ကြ၏။ ရှေးကာလ၌ ကြီးမြတ်သော ဣသရေလရှင်ဘုရင် တည်ထောင်တော်မူ သော အိမ်တော်ကို ယခုပြုပြင်ကြ၏။
Psalms 89:4သင်၏ပလ္လင်ကိုလည်း လူမျိုးအဆက်ဆက် တည်စေမည်ဟု ငါရွေးကောက်သောသူနှင့် ငါသည် ပဋိညာဉ်ဖွဲ့၍၊ ငါ၏ ကျွန်ဒါဝိဒ်အား ကျိန်ဆိုခြင်းကိုပြုပြီ။
Psalms 89:29သူ၏ အမျိုးအနွယ်ကို အစဉ်အမြဲ တည်စေ မည်။ သူ၏ပလ္လင်သည် ကောင်းကင်ကလာကဲ့သို့ နိစ္စ ထာဝရဖြစ်လိမ့်မည်။
Isaiah 9:7ဒါ့ဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်း သည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။