2 ရာဇဝင်ချုပ်ပထမစောင် 19:13
ရဲရင့် သောစိတ် ရှိ၍ ငါ တို့လူမျိုး နှင့် ငါ တို့ ဘုရားသခင့် မြို့ ရွာတို့အဘို့ အားထုတ် ၍ တိုက်ကြကုန်အံ့။ ထာဝရဘုရား သည် အလို တော်ရှိသည်အတိုင်း စီရင် တော်မူစေသတည်းဟုဆို ပြီးမှ၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 19
Cross References
Joshua 1:7သို့ဖြစ်၍ငါ ၏ကျွန် မောရှေ မှာ ထားသော တရား အတိုင်း ကျင့် မည်ဟု စောင့်ရှောက် ခြင်းငှါ အား ယူ ၍ အလွန် ရဲရင့် ခြင်းရှိလော့။ ကြံစည်လေသမျှ တို့၌ အောင် မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ နှင့်။
Judges 10:15ဣသရေလ အမျိုးသားတို့ကလည်း ၊ အကျွန်ုပ်တို့သည် ပြစ်မှား ပါပြီ။ စိတ်တော်ရှိသည်အတိုင်း အကျွန်ုပ် တို့၌ ပြု တော်မူပါ။ ယခု တကြိမ်သာ ကယ်နှုတ် တော်မူမည်အကြောင်းအကျွန်ုပ်တို့ တောင်းပန်ပါ၏ဟု ထာဝရဘုရား အား တောင်း လျှောက်လျက်၊
1 Samuel 4:9အို ဖိလိတ္တိ လူတို့၊ ဣသရေလလူတို့သည် သင် တို့ထံ ၌ကျွန် ခံရသကဲ့သို့ ၊ သူတို့ထံ၌ ငါတို့သည် ကျွန် မခံရမည်အကြောင်း၊ အားယူ ၍ ယောက်ျား ပြု ကြလော့။ ယောက်ျား ပြု ၍ တိုက် ကြလော့ဟု ပြောဆို ကြ၏။
1 Samuel 17:32ဒါဝိဒ် ကလည်း ထိုလူကြောင့် အဘယ်သူ မျှစိတ် မ ပျက် ပါစေနှင့်။ ကိုယ်တော် ကျွန် သွား ၍ ထို ဖိလိတ္တိ လူကို တိုက် ပါမည်ဟု ရှောလု အား လျှောက် လျှင်၊
2 Samuel 15:26သို့မဟုတ် သင့် ကိုငါအလို မ ရှိဟု ငါ့အားမိန့် တော်မူလျှင် ငါ ရှိပါ၏။ အလိုတော်ရှိသည်အတိုင်း ပြု တော်မူစေသတည်းဟူ၍၎င်း၊
Ezra 10:4ထ တော်မူပါ။ ဤအမှု ကို ကိုယ်တော် ဆိုင်ပါ၏။ အကျွန်ုပ် တို့သည်လည်း ဝိုင်း၍မစကြပါမည်။ ရဲရင့် သောစိတ် ရှိ၍ ပြု တော်မူပါဟု ဧဇရအားပြန်ပြောကြလျှင်၊