2 ရာဇဝင်ချုပ်ပထမစောင် 24:19
ထိုသို့သူတို့အဘအာရုန်အား ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားမှာထားတော်မူ၍၊ အဘ အာရုန်စီရင်သည် အတိုင်းသူတို့သည် ထာဝရဘုရား၏ အိမ်တော်ကို ဝင်မြဲဝင်၍ အမှုတော်ကို ဆောင်ရွက် စေခြင်းငှါ ခွဲခန့်ခြင်းရှိသတည်း။
1835 Judson Burmese Bible
In The King James Version
In Context
18နှစ်ကျိပ်သုံးယောက်မြောက်သော သူဒေလာယ၊ နှစ်ကျိပ်လေးယောက်မြောက်သောသူ မာဇိတည်း။
20ကြွင်းသော လေဝိအမျိုးသားဟူမူကား၊ အာမရံ သားဖြစ်သော ရှုဗွေလ၏သားစုတွင် ယေဒေယ၊
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 24
Cross References
1 Chronicles 6:34ထိုအမှုတော်ကို စောင့်သောသူတို့နှင့် သားစဉ် မြေးဆက်ဟူမူကား၊ ဣသရေလ၊ လေဝိ၊ ကောဟတ်၊ ဣဇဟာ၊ ကောရ၊ ဧဗျာသပ်၊ အဿိရ၊ တာဟတ်၊ ဇေဖနိ၊ အာဇရိ၊ ယောလ၊ ဧလကာန၊ အမာသဲ၊ မာဟတ်၊ ဧလကာန၊ ဇောဖဲ၊ တောအာ၊ ဧလျာဘ၊ ယေရောဟံ၊ ဧလကာန၊ ရှမွေလ၊ ယောလတို့မှ ဆင်းသက်သော ကောဟတ်အမျိုး၊ သီချင်းသည် ဟေမန်တပါး။
1 Chronicles 24:1အာရုန်အမျိုးသားအသီးအခြားသင်းဖွဲ့ရာမှာ၊ အာရုန်သားကား နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တည်း။
2 Chronicles 23:8ထိုသို့ယဇ်ပုရောဟိတ်ယောယဒမှာ ထားသမျှ အတိုင်း၊ လေဝိသားများနှင့် ယုဒအမျိုးသားအပေါင်းတို့ သည်ပြု၍၊ ယဇ်ပုရောဟိတ်ယောဒသည် ဖွဲ့မြဲဖွဲ့သော အသင်းတို့ကို မဖျက်သောကြောင့်၊ ဥပုသ်နေ့၌ ထွက်ရ သောသူနှင့် ဝင်ရသော သူအသီးအသီးတို့ကို ခေါ်ထား ကြ၏။
Hebrews 7:11တနည်းကား၊ လေဝိမှဆင်းသက်သော ယဇ်ပုရောဟိတ်အမျိုးနှင့် စပ်ဆိုင်လျက်လူများတို့သည် ပညတ်တရားတော်ကို ခံကြသောကြောင့်၊ ထိုအမျိုးအားဖြင့် စုံလင်ခြင်းသို့ ရောက်နိုင်သည်မှန်လျှင်၊ အခြား သော ယဇ်ပုရောဟိတ်သည်၊ အာရုန်နည်းတူ မခေါ်ဝေါ်ဘဲ၊ မေလခိဇေဒက်နည်းတူ ပေါ်ထွန်းစရာအကြောင်း အဘယ်သို့ရှိသေးသနည်း။