The Bible Software
bible.software › 2 ရာဇဝင်ချုပ်ပထမစောင် › 2 ရာဇဝင်ချုပ်ပထမစောင် 29 › 2 ရာဇဝင်ချုပ်ပထမစောင် 29:20

2 ရာဇဝင်ချုပ်ပထမစောင် 29:20

ပရိသတ်အပေါင်းတို့အားလည်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကောင်းကြီးပေးကြလော့ ဟု မိန့်တော်မူသည်အတိုင်း၊ ပရိသတ်အပေါင်းတို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို ကောင်းကြီး ပေးလျက် ဦးချ၍ ထာဝရဘုရားကို၎င်း၊ ရှင်ဘုရင်ကို၎င်း ရှိခိုးကြ၏။

1835 Judson Burmese Bible

In The King James Version

And David said to all the congregation, Now bless the LORD your God. And all the congregation blessed the LORD God of their fathers, and bowed down their heads, and worshipped the LORD, and the king.

In Context

19အကျွန်ုပ်၏သားရှောလမုန်သည်လည်း ကိုယ် တော်၏ သက်သေခံချက်၊ ထုံးဖွဲ့ချက်ပညတ်တရားတို့ကို စောင့်ရှောက်၍၊ အကျွန်ုပ် ပြင်ဆင်သော အမှုကို အကုန် အစင်ပြီးစီးစေလျက်၊ ဗိမာန်တော်ကို တည်ဆောက်နိုင် မည်အကြောင်း၊ စုံလင်သော စိတ်နှလုံးကို ပေးသနား တော်မူပါဟု၊ ပရိသတ်အပေါင်းတို့ရှေ့မှာ ထာဝရဘုရား ကို ကောင်းကြီးပေးလျက် မြွက်ဆို၏။

21နက်ဖြန်နေ့၌လည်း ယဇ်ပူဇော်ခြင်း အမှုကိုပြု၍ နွားတထောင်၊ သိုးတထောင်၊ သိုးသငယ် တထောင်တို့ကို မီးရှို့သဖြင့်၊ သွန်းလောင်းရာ ပူဇော်သက္ကာတို့နှင့်တကွ ဣသရေလအမျိုးတမျိုးလုံးအတွက် ထာဝရဘုရား အား များစွာသော ယဇ်ကို ပူဇော်ကြ၏။

Read all of 2 ရာဇဝင်ချုပ်ပထမစောင် 29

Cross References

Genesis 24:48ဦးညွှတ်ချ၍၊ ကျွန်ုပ်သခင်အစ်ကို၏ မြေးကို သခင်၏သားဘို့ ယူစေခြင်းငှါ၊ မှန်သောလမ်းဖြင့် ပို့ဆောင်တော်မူသော ကျွန်ုပ်သခင် အာဗြဟံ၏ ဘုရား သခင် ထာဝရဘုရားကို ကောင်းကြီးပေး၍ ကိုးကွယ် လေ၏။

Exodus 14:31ထိုသို့ အဲဂုတ္တုလူတို့၌ ထာဝရဘုရားပြုတော်မူသောအမှုကြီးကို၊ ဣသရေလလူတို့သည် မြင်၍၊ ထာဝရဘုရားကို ကြောက်ရွံ့ကြ၏။ ထာဝရဘုရားနှင့် ကိုယ်တော်၏ ကျွန်မောရှေကို ယုံကြည်ကြ၏။

1 Samuel 12:18ထာဝရဘုရားကို ဆုတောင်း၍၊ ထိုနေ့၌ ထာဝရဘုရားသည် မိုဃ်းချုန်းခြင်းနှင့်တကွ မိုဃ်းရွာစေ တော်မူ၍၊ လူအပေါင်းတို့သည် ထာဝရဘုရားနှင့်ရှမွေလကို အလွန်ကြောက်ရွံ့ကြ၏။

2 Chronicles 20:21လူများနှင့်တိုင်ပင်ပြီးမှ၊ ထာဝရဘုရား၏ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကိုချီးမွမ်းကြလော့ဟု တပ်ရှေ့မှာ ချီသွား လျက်၊ သန့်ရှင်းခြင်းအသရေကိုချီးမွမ်းရသော သီချင်း သည်တို့ကို ထာဝရဘုရားအဘို့ ခန့်ထားတော်မူ၏။

Nehemiah 9:5တဖန်လေဝိသားယောရှု၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က ထကြလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် အစဉ်အမြဲ မင်္ဂလာရှိတော်မူစေသတည်းဟု ကောင်း ကြီးပေးကြလော့။ ကောင်းကြီးပေးခြင်း၊ ချီးမွမ်းခြင်း အမျိုးမျိုးထက် ကြီးမြင့်၍ ဘုန်းကြီးသော ကိုယ်တော်၏ နာမသည် မင်္ဂလာရှိပါစေသတည်း။

Psalms 95:6လာကြ။ ပြပ်ဝပ်၍ ကိုးကွယ်ကြကုန်အံ့။ ငါတို့ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏ ရှေ့တော်၌ ဒူးထောက်ကြကုန်အံ့။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 2 ရာဇဝင်ချုပ်ပထမစောင် 29:20

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 2 ရာဇဝင်ချုပ်ပထမစောင် 29:192 ရာဇဝင်ချုပ်ပထမစောင် 292 ရာဇဝင်ချုပ်ပထမစောင် 29:21 →