2 ရာဇဝင်ချုပ်ပထမစောင် 9:18
ရှလ္လုံသည် ရှင်ဘုရင်ဝင်သော အရှေ့တံခါးတွင် တံခါးမှူးဖြစ်၏။ ဤသူတို့သည် လေဝိသားအပေါင်း အသင်း၌ပါသော တံခါးစောင့်ပေတည်း။
1835 Judson Burmese Bible
In The King James Version
In Context
17တံခါးစောင့်မူကား ရှလ္လုံ့၊ အက္ကုပ်၊ တာလမုန်၊ အဟိမန်အစရှိသော ညီအစ်ကိုတစု၊
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 9
Cross References
1 Kings 10:5စားပွဲတော်တန်ဆာကို၎င်း၊ အမှုတော်စောင့်တို့နေရာထိုင်ရာကို၎င်း၊ လုလင်တို့ ခစားသည် အခြင်းအရာ ကို၎င်း၊ သူတို့ဝတ်သောအဝတ်တန်ဆာကို၎င်း၊ ဝန်စာရေးများကို၎င်း၊ ထာဝရဘုရား၏ အိမ်တော်၌ မီးရှို့ရာ ယဇ်ပူဇော်ခြင်းကို၎င်း မြင်သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊
2 Kings 16:18ဗိမာန်တော်၌ ဥပုသ်စောင့်စရာဘို့ ဆောက် သောမဏ္ဍပ်ကို၎င်း၊ ရှင်ဘုရင်တက်ရာစောင်းတန်းကို၎င်း၊ အာရှုရိရှင်ဘုရင်ကြောင့် ပယ်၏။
Ezekiel 44:2ထာဝရဘုရားကလည်း၊ ဤတံခါးကိုမဖွင့်ဘဲ ပိတ်ထားလျက်ရှိရမည်။ လူများမဝင်ရကြ။ အကြောင်းမူ ကား၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား ဝင်တော်မူသောကြောင့် ပိတ်ထားလျက်ရှိရမည်။
Acts 3:11ထိုသူသည် ပေတရုနှင့် ယောဟန်ကို အမှီပြုလျက်ရှိရာအရပ်၊ ရှောလမုန်ကနားပြင်အမည်ရှိသော ကနားပြင်သို့ပြေးဝင်၍ စုဝေးကြ၏။