ကောရိန္တုဩဝါဒစာပထမစောင် 14:26
ညီအစ်ကိုတို့၊ အဘယ်သို့နည်း။ သင်တို့စည်းဝေးကြသောအခါ၊ ဆာလံသီချင်းကို ရသောသူ၊ ဆုံးမဩဝါဒ စကားကို ရသောသူ၊ အခြားသောဘာသာစကားကို ရသောသူ၊ ဗျာဒိတ်တော်ကိုရသောသူ၊ အနက်ဘော်ပြရာ ကိုရသောသူ၊ အသီးအသီးရှိကြသည်ဖြစ်၍၊ ခပ်သိမ်း သောအမှုတို့ကို တည်ဆောက်ခြင်းအလိုငှါ စီရင်ကြ လော့။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 14
Cross References
Romans 14:19ထိုကြောင့်၊ ငြိမ်သက်ခြင်းနှင့်၎င်း၊ အချင်းချင်းတည်ဆောက်ခြင်းနှင့်၎င်း ယှဉ်သောအရာတို့ကို မှီအောင်လိုက်ကြကုန်အံ့။
1 Corinthians 14:4အခြားသော ဘာသာစကားအားဖြင့် ပြောသောသူသည် ကိုယ်ကိုသာ တည်ဆောက်၏။ ပရောဖက် ပြုသောသူမူကား၊ အသင်းတော်ကို တည်ဆောက်၏။
1 Corinthians 14:27အခြားသော ဘာသာစကားဖြင့် ဟောပြော သော သူရှိလျှင်၊ နှစ်ယောက်ဖြစ်စေ၊ အများဆုံးဆိုသော် သုံးယောက်ဖြစ်စေ၊ တယောက်နောက်တယောက် ပြော၍ တယောက်သောသူသည် အနက်ကိုဘော်ပြစေ။
2 Corinthians 12:19တဖန်တုံး၊ ငါတို့သည်သင်တို့ရှေ့၌ ကိုယ်အပြစ်ဖြေရာစကားကို ပြောသည်ဟုထင်ကြသလော။ ခရစ်တော်ကိုထောက်၍ ဘုရားသခင်ရှေ့၌ငါတို့ ပြောကြ၏။ ချစ်သူတို့၊ ငါတို့ပြုသမျှမှာ သင်တို့ကို တည်ဆောက်ခြင်းအလိုငှါ ပြုကြ၏။
Ephesians 4:12သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှါ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌၎င်း၊ အချို့ကို ပရောဖက်အရာ၌၎င်း၊ အချို့ကို သာသနာပြုအရာ၌၎င်း၊ အချို့တို့ကို သင်းအုပ်ဆရာ၊ ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူ၏။
Ephesians 4:29ညစ်ညူးသောစကားတခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသော သူတို့၏အကျိုးကို ပြုစုစေခြင်းငှါ၊ တည်ဆောက်စရာဘို့ ကောင်းသော စကားကိုသာ သုံးဆောင်ကြလော့။