ကောရိန္တုဩဝါဒစာပထမစောင် 2:13
ဘုရားသခင်ပေးတော်မူသော အရာတို့ကို ငါ တို့သည် လူ ပညာ ကိုအမှီပြု ၍ နားလည်သောစကား နှင့် မ ဟော ။ သန့်ရှင်းသော ဝိညာဉ် တော်သည် ဝိညာဉ် နှင့် စပ်ဆိုင်သော အရာကို ဝိညာဉ် စကားအားဖြင့်ဖွင့်ပြ ၍ ပဲ့ပြင် တော်မူသော စကားနှင့် ငါတို့သည် ဟော ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 2
Cross References
Acts 2:4ထိုသူအပေါင်း တို့သည်လည်း သန့်ရှင်း သောဝိညာဉ် တော်နှင့်ပြည့် ၍၊ ဝိညာဉ် တော်သည်ဟောပြော သော အခွင့်ကို ပေး တော်မူသည်အတိုင်း အမျိုးမျိုး သောဘာသာ စကားအားဖြင့်ဟောပြော ကြ၏။
1 Corinthians 2:1ညီအစ်ကို တို့၊ ငါ သည်သင် တို့ရှိရာ သို့ ရောက်လာ သောအခါ၊ ဘုရားသခင် ၏ သက်သေ ချက်ကို ထူးမြတ်သောစကား နှင့် ထူးမြတ် သော ပညာ အားဖြင့် သင် တို့အား ပြသ ၍ ရောက်လာ သည်မ ဟုတ်။
1 Corinthians 2:14ဇာတိ ပကတိလူ သည် ဘုရားသခင် ၏ ဝိညာဉ် တော်အရာ တို့ကို မ ခံ မယူ။ ထိုအရာတို့သည် မိုက်မဲ သော အရာဖြစ် သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ် အားဖြင့်သာ ပိုင်းခြား ၍နားလည်နိုင်သောကြောင့် ၊ ဇာတိပကတိလူသည် နား မ လည်နိုင် ။
1 Corinthians 10:3ဓမ္မ အစာ ကိုအတူ စား ကြသည်ဟူ၍၎င်း၊ ဓမ္မ ရေ ကို အတူ သောက် ကြသည်ဟူ၍၎င်း၊ သင် တို့ မ သိမမှတ် ဘဲနေစေခြင်းငှာငါအလို မ ရှိ၊
1 Corinthians 14:2အကြောင်းမူကား ၊ အခြား သောဘာသာစကားအားဖြင့်ပြော သောသူ သည် လူ တို့အားမ ပြော ၊ ဘုရားသခင် အားပြော၏။ သူ၏စကားကို အဘယ်သူ မျှနား မလည်။ နက်နဲ သောအရာတို့ကို ဝိညာဉ် တော်အားဖြင့်ပြော ၏။
Colossians 3:16ခရစ်တော် ၏ နှုတ်ကပတ် တရားသည် ပညာ အမျိုးမျိုး နှင့် သင် တို့အထဲ ၌ ကြွယ်ဝ စွာ တည်နေ ၍ သင်တို့သည် ဆာလံ သီချင်းမှစသောဓမ္မ သီချင်းအမျိုးမျိုးအားဖြင့် ၊ အချင်းချင်း တို့ကို ဆုံးမ သွန်သင် ခြင်း၊ သတိပေးခြင်းကိုပြု၍၊ နူးညွတ် သောစိတ်နှလုံးနှင့် ဘုရားသခင် ရှေ့တော်၌ တင့်တယ် လျောက်ပတ်စွာ သီချင်း ဆို ကြလော့။။