ကောရိန္တုဩဝါဒစာပထမစောင် 3:10
ဘုရားသခင်၏ကျေးဇူးတော်ကို ငါခံရသည်နှင့် အညီ၊ လိမ္မာသော ဗိသုကာကဲ့သို့ တိုက်မြစ်ကိုချပြီ။ အခြားသောသူသည် ထပ်ဆင့်၍ တည်ဆောက်လေ၏။ သို့ရာတွင်၊ အဘယ်သို့ ထပ်ဆင့်၍ တည်ဆောက်သည်ကို လူတိုင်းသတိပြုပါစေ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 3
Cross References
1 Kings 3:9သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် ကိုယ်တော်၏ လူတို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်းမကောင်း ကို ပိုင်းခြား၍ သိတတ်သောဉာဏ်ကို ပေးသနားတော် မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏ လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင်နိုင်ပါ မည်နည်းဟု တောင်းလျှောက်၏။
Proverbs 12:8လူသည်ဉာဏ်ပညာရှိသည်အတိုင်း ချီးမွမ်းခြင်း ကိုခံရ၏။ သဘောကောက်သော သူမူကား၊ မထီမဲ့မြင် ပြုခြင်းကို ခံရ၏။
Daniel 12:3ပညာရှိသော သူတို့သည်လည်း၊ ကောင်းကင်မျက်နှာကြက်၏ အရောင်အဝါကဲ့သို့၎င်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသော သူတို့သည်လည်း၊ ကြယ်များကဲ့သို့၎င်း အစဉ်အမြဲ ထွန်းလင်း ကြလိမ့်မည်။
Matthew 7:24အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။
Luke 11:35ကိုယ်၌ရှိသောအလင်းကို မှောင်မိုက်မဖြစ်စေခြင်းငှါ သတိပြုလော့။
Acts 18:27ထိုသူသည် အခါယပြည်သို့သွားခြင်းငှါ အလိုရှိ သည်ဖြစ်၍၊ တပည့်တော်ချင်းတို့သည် သူ့ကိုလက်ခံမည်အကြောင်း ညီအစ်ကိုတို့သည်မှာစာကိုပေးလိုက်ကြ၏။ သူသည်ရောက်လာလျှင်၊ ကျေးဇူးတော်အားဖြင့် ယုံကြည်သော သူတို့ကို အလွန်ထောက်မလေ၏။