ကောရိန္တုဩဝါဒစာပထမစောင် 4:2
ထိုမှတပါး၊ ဘဏ္ဍာစိုးမည်သည်ကား၊ သစ္စာရှိရမည်။
1835 Judson Burmese Bible
In The King James Version
Moreover it is required in stewards, that a man be found faithful.
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 4
Cross References
Proverbs 13:17မတရားသောအစေခံသည် မိမိစောင့်သောအမှု ကို ဖျက်တတ်၏။သစ္စာရှိသော သံတမန်မူကား၊ ကျန်းမာ ခြင်းအကြောင်းဖြစ်၏။
Matthew 25:23အရှင်က၊ သာဓု သစ္စာရှိသောငယ်သားကောင်း၊ သင်သည် အမှုငယ်၌သစ္စာစောင့်လေပြီ။ များစွာသော အမှုအခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏ သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော်မူ၏။
Luke 16:10အနည်းငယ်သော အမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ် သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌ သစ္စာမရှိ။
1 Corinthians 7:25ခင်ပွန်းမရှိသောသူတို့၏ အမှုမှာ၊ သခင်ဘုရား၏ပညတ်တော်သည် ငါ၌မရှိသော်လည်း၊ ငါသည် သစ္စာ ရှိသောသူဖြစ်အံ့သောငှါ၊ သခင်ဘုရား၏ ကျေးဇူးတော်ကို ခံရသောသူကဲ့သို့ စီရင်၏။
2 Corinthians 4:2ဆိတ်ကွယ်ရာအရပ်၌ပြုသော ရှက်ဘွယ်သော အမှုများကိုပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို တိမ်ဝှက်မှောက်လှန်ခြင်းမရှိ။ သမ္မာတရားကိုအတည့်အလင်း ဘော်ပြ၍၊ ဘုရား သခင့်ရှေ့တော်၌ လူအပေါင်းတို့၏ စိတ်အထင်အတိုင်း ချီးမွမ်းဘွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ၏။
Colossians 4:7သခင်ဘုရား၌ သစ္စာရှိသောဆရာ၊ ငါတို့ကျွန် ချင်းတည်းဟူသော၊ ငါချစ်သောညီ တုခိတ်သည် ငါ၏ အကြောင်းအရာရှိသမျှကို သင်တို့အား ဘော်ပြလိမ့်မည်။