ကောရိန္တုဩဝါဒစာပထမစောင် 6:11
အထက်ကသင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြသော်လည်း၊ ယခုတွင်သခင်ယေရှု၏ နာမတော်အားဖြင့်၎င်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ် တော်အားဖြင့်၎င်း၊ ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာ သို့ ရောက်ကြပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 6
Cross References
Psalms 51:2ဒုစရိုက်အညစ်အကြေးကို အကုန်အစင် ဆေးကြော၍၊ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ။
Proverbs 30:12ငါသည် စင်ကြယ်၏ဟု မိမိကိုယ်ထင်သော် လည်း၊ မိမိအညစ်အကြေးမှ မဆေးကြောသေးသော လူတမျိုး၊
Isaiah 45:25ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရ ဘုရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်၍ ဝါကြွားကြ လိမ့်မည်။
Jeremiah 4:14အို ယေရုရှလင်မြို့၊ သင်သည် ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ၊ သင်၏စိတ်နှလုံးကို ဒုစရိုက်အပြစ်နှင့် ကင်းစင်စေလော့။ သင်၏အဓမ္မအကြံအစည်တို့သည် အဘယ်မျှ ကာလပတ်လုံး သင်၏ အထဲ၌တည်နေရမည် နည်း။
Matthew 20:4သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့သွားကြ။ တော်လျော်စွာ ငါပေးမည်ဟုဆိုလျှင် ထိုသူတို့သည် သွားကြ ၏။
John 5:4အကြောင်းမူကား၊ အချိန်တန်လျှင်ကောင်းကင်တမန်သည် ရေကန်သို့ဆင်းသက်၍ ရေကို လှုပ်ရှား တတ်၏။ ထိုသို့ရေလှုပ်ရှားသည်နောက်၊ ရှေးဦးစွာ ဝင်သောသူသည် မိမိ၌စွဲသမျှသောအနာရောဂါနှင့် ကင်း လွတ်ခြင်းသို့ ရောက်တတ်၏။