ကောရိန္တုဩဝါဒစာပထမစောင် 7:21
အစေခံ ကျွန်ဖြစ်၍ခေါ်တော်မူခြင်းကျေးဇူးကို ခံရ လျှင် စိုးရိမ် ခြင်းမ ရှိနှင့်။ သို့သော်လည်း လွတ် ခြင်းသို့ ရောက် နိုင်လျှင် လွတ် ရသော အခွင့်ကိုသာ၍ သုံးဆောင် လော့။
မြန်မာကျမ်းစာ
In The King James Version
Art thou called being a servant? care not for it: but if thou mayest be made free, use it rather.
In Context
20ခေါ် တော်မူခြင်းကျေးဇူးကို ခံရသောသူ သည် အကြင်အမှု ကို လုပ် နေ၏။ ထိုသို့ လူတိုင်းလုပ်နေ စေ။
Read all of ကောရိန္တုဩဝါဒစာပထမစောင် 7
Cross References
Luke 10:40မာသ မူကား ၊ လုပ်ကျွေး ခြင်းအမှုများ ၌ စိတ်ပူပန် ခြင်းရှိသဖြင့် အထံတော်သို့ချဉ်းကပ် ၍ ၊ သခင် ၊ ကျွန်မ ၏ညီမ သည်၊ ကျွန်မ တစ်ယောက်တည်း လုပ်ကျွေး စေခြင်းငှာကျွန်မပစ်ထား သည်အရာကို လျစ်လျူ သော စိတ်ရှိတော်မူသလော။ သူ သည် ကျွန်မ ကို ကူညီ မည့်အကြောင်း အမိန့် ရှိတော်မူပါဟု လျှောက် သော်၊
Luke 21:34သင်တို့သည် ကိုယ်ကိုကိုယ် သတိပြု ကြလော့။ သို့မဟုတ် အစား အသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ် ခြင်းအားဖြင့်စိတ် နှလုံးပင်ပန်း လျက်နေစဉ်၊ ထို နေ့ရက် သည် အမှတ်တမဲ့ သင် တို့နှင့် တွေ့ကြုံလိမ့်မည်။
Galatians 3:28ယေရှု ခရစ် ၌ ယုဒ လူမ ရှိ ၊ ဟေလသ လူမ ရှိ၊ ကျွန် မ ရှိ ။ လူ လွတ်မ ရှိ၊ ယောက်ျား မ ရှိ ၊ မိန်းမ မရှိ၊ ထိုသခင်၌ သင် တို့အပေါင်း သည် တလုံးတဝတည်း ဖြစ် ကြ၏။
Philippians 4:11ထိုသို့ငါဆို သော်၊ ကိုယ်တိုင်ဆင်းရဲ ခြင်းကို ရည်မှတ် ၍ ဆိုသည်မ ဟုတ်။ အကြောင်းမူကား ၊ ငါ သည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲ သောစိတ်ရှိ အံ့သောငှာသင် မိပြီ။။
1 Timothy 6:1ဘုရားသခင် ၏ နာမ တော်နှင့်တရားတော်သည် ကဲ့ရဲ့ ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ၊ အစေခံ ကျွန် မည်သည်ကား၊ မိမိ သခင် ကို အလွန်ရိုသေ ထိုက် သော သူဟူ၍မှတ် စေ။
1 Peter 2:18အစေခံငယ်သား တို့၊ အလွန် ကြောက်ရွံ့ ခြင်းနှင့်တကွကိုယ်သခင် တို့၏ အုပ်စိုးခြင်းကို ဝန်ခံ ကြလော့။ သခင်သည်စိတ်ကောင်း ၍ ဖြည်းညှင်း သောသဘောရှိသည်ဖြစ်စေ၊ ကြမ်းတမ်း သောသဘောရှိသည်ဖြစ်စေဝန်ခံကြလော့။