bible.software › ကောရိန္တုဩဝါဒစာပထမစောင် › ကောရိန္တုဩဝါဒစာပထမစောင် 7 › ကောရိန္တုဩဝါဒစာပထမစောင် 7:6
ကောရိန္တုဩဝါဒစာပထမစောင် 7:6
သို့ရာတွင် ပညတ်မထားဘဲအခွင့်ပေးခြင်း အားဖြင့်သာ ငါဆို၏။
1835 Judson Burmese Bible
In The King James Version
But I speak this by permission, and not of commandment.
In Context
5အချင်းချင်းခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်းခြင်းဝတ်ကိုပြုရသော အခွင့်ရှိစေခြင်းငှါ၊ သဘောတူ၍ ခင်ပွန်းဝတ်ကိုခဏမျှ မရှောင်ရဟု မဆိုလို။ ထိုသို့ရှောင်လျှင်၊ ကိုယ်ကိုမချုပ် တည်းနိုင်သောအားဖြင့် စာတန်သည် အပြစ်သို့ သွေးဆောင်ရသော အခွင့်မရှိစေခြင်းငှါ၊ နောက်တဖန် အတူနေကြလော့။
7လူအပေါင်းတို့သည် ငါကဲ့သို့ဖြစ်စေခြင်းငှါ ငါအလိုရှိ၏။ သို့သော်လည်း၊ လူအသီး အသီးတို့သည် ဘုရားသခင် ပေးသနားတော်မူသည်အတိုင်း အသီးအသီးသော ဆုကျေးဇူးကို ခံရကြ၏။
Read all of ကောရိန္တုဩဝါဒစာပထမစောင် 7
Cross References
1 Corinthians 7:25ခင်ပွန်းမရှိသောသူတို့၏ အမှုမှာ၊ သခင်ဘုရား၏ပညတ်တော်သည် ငါ၌မရှိသော်လည်း၊ ငါသည် သစ္စာ ရှိသောသူဖြစ်အံ့သောငှါ၊ သခင်ဘုရား၏ ကျေးဇူးတော်ကို ခံရသောသူကဲ့သို့ စီရင်၏။
2 Corinthians 11:17ဤသို့ငါပြောသောစကားမှာ သခင်ဘုရား၏ နည်းတူငါပြောသည်မဟုတ်။ သူရူးကဲ့သို့ ရဲရင့်စွာ ဝါကြွား လျက်ပြောဆို၏။
This Verse In Other Editions
Study ကောရိန္တုဩဝါဒစာပထမစောင် 7:6