ကောရိန္တုဩဝါဒစာပထမစောင် 9:5
ကေဖနှင့်သခင်ဘုရား၏ညီများမှစ၍ ကြွင်းသော တမန်တော်များကဲ့သို့၊ ငါတို့သည်ဒေသစာရီ လှည့် လည်သည်တွင် နှမဖြစ်သော မယားပါစေခြင်းငှါ အခွင့် မရှိသလော။
1835 Judson Burmese Bible
In The King James Version
In Context
4ငါတို့သည် စားသောက်ခြင်း အခွင့်မရှိသလော။
6ငါနှင့်ဗာနဗသာ အလုပ်မလုပ်ဘဲနေရသော အခွင့်မရှိဟု ဆိုရသလော။
Read all of ကောရိန္တုဩဝါဒစာပထမစောင် 9
Cross References
Song of Solomon 4:12ငါ့နှမ၊ ငါ့ခင်ပွန်းသည် ဝင်းကာသောဥယျာဉ်၊ ပိတ်ထားသော ရေကန်၊ တံဆိပ်ခတ်ထားသော ရေတွင်း ဖြစ်ပေ၏။
Matthew 8:14ထိုနောက်မှ ယေရှုသည် ပေတရုအိမ်သို့ကြွ၍ ပေတရု၏ ယောက္ခမသည် ဖျားနာစွဲလျက် တုံးလုံးနေ သည်ကို တွေ့မြင်တော်မူ၏။
Matthew 13:55သူသည် လက်သမားသားမဟုတ်လော။ သူ့အမိကား မာရိအမည်ရှိသည်မဟုတ်လော။ သူ့ညီကား၊ ယာကုပ်၊ ယောသေ၊ ရှိမုန်၊ ယုဒဟုဆိုကြသည် မဟုတ်လော။
Mark 6:3သူသည် လက်သမားမဟုတ်လော။ မာရိ၏သား မဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒ၊ ရှိမုန်တို့၏ အစ်ကိုမဟုတ်လော။ သူ့နှမများသည်လည်း ငါတို့နှင့် အနီးအပါးနေကြသည်မဟုတ်လောဟု ပြောဆိုလျက် စေတနာစိတ်ပျက်ကြ၏။
Luke 8:20လူအချို့ကလည်း၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ကိုတွေ့လို၍ ပြင်မှာရပ်နေကြပါ၏ဟု လျှောက်လျှင်၊
John 2:12ထိုနောက် မယ်တော်မှစ၍ညီတော်၊ တပည့်တော်တို့နှင့်တကွ၊ ကပေရနောင်မြို့သို့ ကြွတော်မူ၏။ ထိုမြို့မှာ ကြာမြင့်စွာမနေဘဲ၊