ရှင်ယောဟန်ဩဝါဒစာပထမစောင် 5:7
သို့ဖြစ်လျှင် ၊ ကောင်းကင်ဘုံ၌ ခမည်းတော်တစ်ပါး နှုတ်ကပတ်တော်တစ်ပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တစ်ပါး၊ သက်သေခံ သုံး ပါးရှိ ၍ ထိုသုံး ပါးတို့သည် တလုံးတဝတည်း ဖြစ် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 5
Cross References
Deuteronomy 6:4အိုဣသရေလ အမျိုး၊ နားထောင် လော့။ ငါ တို့၏ ဘုရား သခင်ထာဝရဘုရား သည် တဆူ တည်းသော ထာဝရ ဘုရား ဖြစ်တော်မူ၏။
Isaiah 48:16ငါ့ ထံသို့ ချဉ်းကပ် ၍ ဤ စကားကို နားထောင် ကြလော့။ ရှေ့ ဦးစွာမှစ၍ တိတ်ဆိတ် စွာ မ ဟော။ အမှု ဖြစ် စကာလ ၌ ငါ ရှိ၏။ ယခု တွင် အရှင် ထာဝရဘုရား နှင့် ဝိညာဉ် တော်သည် ငါ့ ကို စေလွှတ် တော်မူ၏။
Matthew 3:16ယေရှု သည် ဗတ္တိဇံ ကိုခံတော်မူပြီးလျှင် ရေ မှ ပေါ် ထစဉ်တွင်၊ ကောင်းကင် ဖွင့်လှစ် သဖြင့်၊ ဘုရားသခင် ၏ဝိညာဉ် တော်သည် ချိုးငှက် ကဲ့သို့ ဆင်းသက် ၍ ကိုယ်တော် အပေါ် ၌ နား တော်မူသည်ကိုမြင် ရ၍ ၊
Matthew 18:16သို့မဟုတ် သင်၏စကားကိုနား မ ထောင်လျှင် ။ လူနှစ် ဦးသုံး ဦးသက်သေခံ ၍စကား ရှိသမျှ တို့ကို တည် စေခြင်းငှာကိုယ် နှင့်အတူ လူတစ်ဦး နှစ် ဦးကိုခေါ် ဦးလော့။
John 1:1အစအဦး ၌ နှုတ်ကပတ် တော်ရှိ ၏။ နှုတ်ကပတ် တော်သည် ဘုရားသခင် နှင့်အတူ ရှိ ၏။ နှုတ်ကပတ် တော် သည်လည်း ဘုရားသခင် ဖြစ် တော်မူ၏။
John 5:26အကြောင်းမူကား ၊ ခမည်းတော် သည် ကိုယ် ၌ အသက် ရှိ တော်မူသည်နည်းတူ ၊ သား တော်သည်မိမိ ၌ အသက် ရှိ ရသောအခွင့်ကို ပေး တော်မူ၏။