bible.software › 2 ဓမ္မရာဇဝင်တတိယစောင် › 2 ဓမ္မရာဇဝင်တတိယစောင် 12 › 2 ဓမ္မရာဇဝင်တတိယစောင် 12:10
2 ဓမ္မရာဇဝင်တတိယစောင် 12:10
ထိုသူငယ်ချင်းလုလင်တို့က၊ ခမည်းတော်သည် ကျွန်တော်တို့၌ ထမ်းဘိုးကို လေးစေပါပြီ။ ပေါ့စေတော် မူပါဟု လျှောက်သောပြည်သားတို့အား၊ ကိုယ်တော်က၊ ငါ့လက်သန်းသည် ငါ့ခမည်းတော်ခါးထက်သာ၍ ကြီးလိမ့် မည်။
1835 Judson Burmese Bible
In The King James Version
And the young men that were grown up with him spake unto him, saying, Thus shalt thou speak unto this people that spake unto thee, saying, Thy father made our yoke heavy, but make thou it lighter unto us; thus shalt thou say unto them, My little finger shall be thicker than my father’s loins.
In Context
9ပြည်သားတို့က၊ ခမည်းတော်တင်သောထမ်းဘိုးကို ပေါ့စေတော်မူပါဟု လျှောက်ဆိုကြသည်ဖြစ်၍၊ သူတို့ အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့ အကြံပေး ကြမည်နည်းဟု မေးသော်၊
11ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသောထမ်းဘိုးကိုတင်လေပြီ။ ငါသည်လည်းထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦး မည်ဟု ပြန်ပြောတော်မူပါဟု လျှောက်ထားကြ၏။
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 12
Cross References
2 Samuel 17:7ဟုရှဲက အဟိသောဖေလပေးသော အကြံသည် ယခုကာလ၌ မလျော်ပါ။
Proverbs 10:14ပညာရှိသောသူတို့သည် ကြားသိသောအရာကို သိမ်းထားတတ်၏။ မိုက်သောသူ၏နှုတ်မူကား၊ အကျိုး နည်းခြင်းနှင့်နီးစပ်၏။
Proverbs 28:25စိတ်မြင့်သောသူသည် ခိုက်ရန်ကို နှိုးဆော်တတ် ၏။ ထာဝရဘုရားကို ခိုလှုံသောသူမူကား၊ ကြွယ်ဝတတ် ၏။
Isaiah 47:6ငါသည် ငါ၏လူတို့ကို အမျက်ထွက်သော ကြောင့်၊ ငါ၏ အမွေကို ရှုတ်ချ၍ သင့်လက်သို့ အပ်လိုက် ၏။ သင်သည် သနားသော စိတ်မရှိ။ အသက်ကြီးသူတို့ အပေါ်မှာ လေးသော ထမ်းဘိုးကို တင်လေပြီ။
This Verse In Other Editions
Study 2 ဓမ္မရာဇဝင်တတိယစောင် 12:10